ငါတို့တွေ့သင့်ပြီထင်တယ်Park Jimin''ဘာ..Hotel...''
''ဘယ်သူနဲ့လဲ..''
''Park Jiminဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ပါသခင်မကြီး..''
ကြည်တောက်နေသောမှန်စားပွဲဝိုင်းကြီးပေါ်တွင်ဓာတ်ပုံတစ်ချို့သည်ပြန့်ကျဲနေသည်။Namsamတောင်ပေါ်တွင်ဖတ်နေသောပုံများ၊နမ်းနေသောပုံများ၊Hotelထဲနှစ်ယောက်လက်တွဲပြီးဝင်သွားသောပုံများသည်စျေးကြီးပေးကာနောက်ယောင်ခံလိုက်ခိုင်းသည့်အကျိုးဆက်အနေနှင့်ရှင်းရှင်းလင်းလင်းကိုမြင်နေရသည်။
ဆိုးချင်ရာဆိုး၊ကြိုက်သလောက်သုံးဖြုန်းနေပါစေချစ်ရတဲ့တစ်ဦးတည်းသောသားလေးမို့အလိုလိုက်ပါသည်။
လူတစ်ကာနဲ့ယှဥ်လျှင်Jeonလေးကိုတန်းတူဖြစ်နေစေရုံတင်မကသူများထက်ကိုကျော်လွန်စေချင်သည်။စည်းစိမ်၊နောက်ခံအသိုင်းအဝိုင်း၊အသုံးအဆောင်စသည်တို့ကိုသာမကJeonလေး၏အချစ်ရေးသည်ပင်လျှင်အများသူငါထက်သာလွန်ခြင်းကိုသာဖြစ်စေချင်သည်။Park Jiminဆိုတာဘယ်လိုလူမျိုးလဲမိမိအသိဆုံးဖြစ်သည်။
အခြေအမြစ်မရှိတဲ့လမ်းမပေါ်က ကလေးတစ်ယောက်။
ထိုကလေးကိုကောက်ယူမွေးစားထားခဲ့တဲ့သူကလည်းဓာတ်ပုံဆရာနုံနုံချာချာတစ်ယောက်။
မိသားစုမျိုးရိုးကဘာလဲ။
သူ့ရဲ့အတိတ်ကဘယ်လိုလဲ။
သူ့ရဲ့သွေးကြောတွေထဲဘယ်လိုသွေးတွေစီးဆင်းနေလဲမသိနိုင်သည့်လူတစ်ဦး။ဒါတွေကိုသိလို့၊သိနေခဲ့လို့
ဒီကြိုးတွေကိုအတက်နိုင်ဆုံးဖြတ်ပစ်ခဲ့ပြီးပြီကိုဘာလို့Park Jiminကပြန်ပေါ်လာရတာလဲ...။''Jeonသခင်မကကျွန်တော့်ကိုဘယ်လိုလူစားလို့ထင်နေလဲဆိုတာမသိချင်တော့ပေမဲ့..ဒီလိုစာအိတ်တွေနဲ့ကျွန်တော့်ကိုထွက်သွားခိုင်းစရာမလိုပါဘူး...ကျွန်တော်ကရိုးရှင်းပါတယ်..မနှစ်မြို့သူတွေအနားကိုနည်းနည်းတောင်မလာမိစေရဘူး..စိတ်ချပါ..''
''ဒါပေမဲ့..ကျွန်တော်ဘယ်တော့မှစလှမ်းမှာမဟုတ်တဲ့ခြေလှမ်းတွေကိုJungkookဖက်ကစလှမ်းခဲ့ရင်တော့ဒါကျွန်တော့်အလွန်မဟုတ်ဘူးနော်...Park Jiminဆိုတဲ့ဘဝအခြေအမြစ်မရှိတဲ့ကောင်ကိုတမ်းတမ်းစွဲသွားရင်တော့...''
YOU ARE READING
FREEDONE _မောင့်လိပ်ပြာငယ်(completed)