10 🦋

1.6K 137 4
                                    

တန်ဖိုးထားခြင်းမခံရရင်ဘယ်လိုခံစားရမယ်ဆိုတာမင်းသိလာစေရမယ်


''ကျွန်တော်နဲ့..အိပ်..ပါ''

အညိုရောင်ကျွန်းတံခါးတစ်ချပ်သာကာရံထား
သည့်CEO၏အခန်းထံမှစကားတစ်ခွန်းသည်Hoseokကြားဖြစ်အောင်ဆက်ဆက်ကြားလိုက်သည်။နားကြားလွဲစရာတစ်ခုမှမရှိတစ်လုံးချင်းဆီကိုစေ့စေ့စပ်စပ်ကြီးကြားလိုက်တာ...။

မိမိရဲ့ပထမဆုံးအနမ်းကိုခြွေယူသွားသောသူ..။
အတိုင်းအဆမရှိသောစူးရှရှအကြည့်တွေနဲ့နှလုံးသားကိုအကြိမ်ကြိမ်ရူးခါစေတာသူ...။
ပထမဆုံးရင်ခုန်ချင်းဆိုတာကိုသင်ပြခဲ့တာသူ..။
သူငယ်ချင်းဆီပြေးရင်ဖွင့်​ပြီးအရူးတစ်ပိုင်းနီးပါးဖြစ်စေခဲ့တာသူ...။

သူ...Kim Taehyung...။

ညကတည်းကMediaပေါ်မိမိရဲ့ပုံတွေသတင်းတွေသည်ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။

''ငါတို့ချစ်ခဲ့တဲ့Jung Hoseokကဟာ....''
''ရတယ်..အကိုပျော်ရင်ညမတို့ပျော်ပါတယ်...''
''တော်ပြီ..ငါတို့ချစ်ခဲ့တာအလကား..''

စသဖြင့်တစ်ခြားလူတွေထက်fanတွေရဲ့စကားတွေ...။

ကောင်းသောလာခြင်းတွေထက်ဆိုးသော
လာခြင်း​တွေ...။
ဒီအရာအားလုံးကိုသူလက်ခံခဲ့သည်။
ဒါဟာKim Taehyungဆိုတဲ့တစ်ယောက်တည်းသောလူသားကိုချစ်မိသွားတဲ့အတွက်...သူခံယူရတဲ့အပြစ်ဒဏ်..။
ဒီအတွက်လည်းနောင်တမရှိဘူး...သူအရာအားလုံးကိုရင်ဆိုင်မယ်...။

ဘာလိုဆိုသူတို့အနမ်းတွေကထင်တာမမှားဘူးဆိုရင်ထပ်တူကျခဲ့တယ်လေ..။
သူဘက်ကလည်းလိုလိုလားလားနဲ့ကိုနမ်းရှိုက်နေခဲ့တာဘဲ...။
အပေါစားဆန်တယ်လို့ပြောရင်အပြောခံလိုက်မယ်..တွေ့တာမှနှစ်ကြိမ်ဘဲဒါတောင်အမှတ်တမဲ့တွေတွေ့ခဲ့ကြခြင်း..။
ဒါပေမဲ့သူနမ်းခဲ့တယ်...လိုလိုလားလားနဲ့ကိုအနမ်းတွေကိုပြန်တုန့်ပြန်ပေးခဲ့တာလေ...။

သို့သော်...ကြားလိုက်ရသောစကားသည်
ရင်ဘက်တစ်ခုလုံးကိုနာကျင်စေသည်။
အသက်ပင်ခပ်ပြင်းပြင်းရှူနေရသည်။
စုပ်ထားသောလက်သီးများတွင်ချွေးစလေးတွေစိုစွတ်လာသည်။
တင်းခံထားသောမျက်အိမ်နီနီလေးတွေသည်
မကြာခင်မျက်ရည်များစီးကျလာရန်အသင့်ရှိနေသည်။

FREEDONE _မောင့်လိပ်ပြာငယ်(completed) Opowieści tętniące życiem. Odkryj je teraz