အရွဲ့တိုက်ခြင်းအနုပညာကို
Park Jiminသိပ်ကျွမ်းကျင်တယ်မျက်ဝန်းတစ်စုံငယ်ကြောင့်မောင်ဟာထာဝရကျရှုံးသည်။
ထ်ိုမျက်ဝန်းလေးပိုင်ရှင်သည်သိပ်ညို့အားပြင်းခဲ့သည်လား။အပြုံးလေးတစ်ပွင့်ကြားမောင်ဟာသွက်သွပ်ခါအောင်ရူးရသည်။
အပြုံးပိုင်ရှင်လေးသည်စွဲဆောင်မှုသိပ်အားပြင်းခဲ့သည်လား။အပြုမူတစ်ခုချင်းဆီကြားမောင်ဟာနှလုံးသားတစ်ခုလုံးဗြောင်းဆန်လာရသည်။
ထိုသူသည်မောင့်အပေါ်ရူးသွပ်စေသည်လား။...........
''အင်း..Kimမင်းကိုဘဲအားကိုပါရစေ''''မာမီကိုတော့ငါဖုန်းဆက်လိုက်မယ်''
''ဟားဟား..ငါကလုံးဝဒီplanကိုပြောင်းမှာမဟုတ်ဘူး..''
''ငါကမဖြစ်ဖြစ်အောင်မရရအောင်ယူမှာ..''
Hotelခန်းထဲကမာနလေးကိုစိတ်ဆိုး၍
အပြင်သို့ထွက်လာခဲ့သည်။
ညသည်သိပ်ကိုနက်နဲလွန်းသည်။
မောင့်အဖို့အကြံစည်တွေကိုသေချာတွေးတောနိုင်သောကာလအပိုင်းခြား။ဟိုတယ်နံရံလေးကိုမှီရင်
စီးကရက်လေးသောက်ကာဖုန်းပြောနေသော
မောင်သည်မြင်လိုက်ရသူတစ်ငေးတစ်မော။ပါတီပွဲကဝတ်ထားသောall blackလေးသည်
ခုထိညလေအေးအေးထဲတစ်လွင့်လွင့်။ဂုတ်ထောက်နေသောခရမ်းရောင်ဆံပင်လေးကို
မောင့်ရဲ့မူပိုင်စတိုင်လေးအတိုင်း
တစ်ဝက်စည်းနှောင်ထားသည်။
ဒီပုံစံကိုဘဲမောင့်သိပ်ကြိုက်တယ်။
မောင့်ဆိုတာနဲ့မြင်သာစေတဲ့အမှတ်သားလေးမို့။Tattooအပြည့်နှင့်လက်လေးကဖုန်းကိုကိုင်ထားရင်း
တစ်ဖတ်ကစီးကရက်လေးကိုညှပ်ကာဖွာလိုက်ပြာကိုခါချလိုက်ဖြင့်။
နံရံကိုကျောမီထားကာ
ခြေထောက်တစ်ဖတ်ကနံရံကိုကန်ကျောက်ထားသည့်
မောင်သည်ခပ်မိုက်မိုက်။သိပ်စွဲမက်ဖွယ်ကောင်းသည့်ယောကျာ်း။
ဒီလိုယောကျာ်းမျိုးနှင့်တွဲချင်သောမိန်းကလေးတွေတပုံတအော။
လက်ထပ်ချင်သောက္ကတ္ထိယတွေကလက်ညိုးထိုးမလွဲ။
မောင်အကြည့်တစ်ချက်မှာပြားပြားဝပ်နေမည့်ယောကျာ်းမိန်းမဆိုသည်များပြားလွန်းလှသည်။
YOU ARE READING
FREEDONE _မောင့်လိပ်ပြာငယ်(completed)