14 🦋

1.2K 97 2
                                    

ကံကြမ္မာကြီးက သိပ်ကိုလှည့်စားရက်တယ်

''hyung...''

''ဘာလဲ..Jimin...''

Jiminခေါ်သံကိုဆူငေါက်ငေါက်လေးJin hyungကထူးသည်။
Studioရှေ့တွင်ချိတ်တွဲထားသောအပြာရောင်ခပ်နုနုတွင်အဝါရောင်ပန်းပုံစံလေးတွေပုံဖော်ထားထားသောပန်းအိုးလေးတွေထဲကအပင်စိမ်းစိမ်းလေးတွေကိုJin hyungကစိတ်ရှည်စွာဖြင့်ရေလောင်းပေးသည်။ထို့နောက်ပန်းအိုးထဲရှိပေါင်းပင်သေးသေးလေးများကိုနုတ်သည်။အရွက်ပြားများအောက်ပုံးကွယ်နေသောခရုလေးများကိုအညှပ်သေးသေးလေးတစ်ခုနှင့်ဖယ်ထုတ်သည်။

''Hyungမရှိတာနဲ့..အပင်တွေလည်းအပင်ရုပ်မပေါက်တော့ဘူး...''

''hyungကလည်း..''

''hyungဟိုအပတ်ထဲကရောက်နေတာ...studioကြီးကိုဒီတိုင်းပစ်ထားပြီးဘာတွေလုပ်နေတာလဲJimin''

လက်တန်းလေးကိုမှီနေရင်းJin hyungလုပ်သမျှကိုမလွတ်တမ်းကြည့်ပြီးမှ နောက်ကထိုင်ခုံတစ်လုံးပေါ်ဝင်ထိုင်လိုက်ကာစားပွဲပေါ်ရှိလိမ္မော်ရည်လေးကိုတစ်ကြိုတ်တည်းသောက်ချလိုက်သည်။

''ဝါး...လိမ္မော်ရည်လေးမသောက်ရတာဘယ်လောက်ကြာပြီးလည်းHyung...''

''​ရောဂါအ​ကြောင်းJungkookသိလားJimin''

''လိမ္မော်ရည်ကလေHyungရှိမှဘဲသောက်ဖြစ်တော့တယ်..ကျွန်တော့်ဘာသာဆိုဖျော်မသောက်ဖြစ်ဘူး...''

''Jimin..!!! စကားမလွှဲနဲ့...''

''စစဝင်လာချင်းတုန်းကဒီလိမ္မော်ရည်ကိုမသောက်ဖြစ်အောင်ထိန်းပါသေးတယ်..hyungသောက်ဖို့ဖျော်ထားတာမှန်းသိပေမဲ့...ကျွန်တော်ဘယ်လိုမှမထိန်းနိုင်ခဲ့ဘူး..ရှောင်ရင်းရှောင်ရင်းနဲ့ဘဲ..ဒီလိမ္မော်ရည်ကသိပ်ကိုစွဲလန်းစေတယ်Hyungရယ်..''

''Jimin....''

''ကျွန်တော်ဘာဆက်လုပ်သင့်လဲ..hyung
ကျွန်တော်မချစ်ဖို့ကြိုးစားခဲ့ပါတယ်..ဒါပေမဲ့..''

မျက်ရည်တွေသည်မျက်လုံးမှေးမှေးလေးမှစီးဆင်းလာချင်သည်။သို့သော်ထိုမျက်လုံးပိုင်ရှင်သည်ခွင့်မပြုဘဲတင်းခံထားသည်။

FREEDONE _မောင့်လိပ်ပြာငယ်(completed) Where stories live. Discover now