End l 🦋

1.8K 129 8
                                    

Jeon Jiminလေ...မောင်ကJeon Jiminယောကျာ်း


''Jeonသာငါဟာအမေအရင်းမဟုတ်ဘူးဆိုတာသိရင်သူဘယ်လောက်ကြေကွဲလိုက်မလဲ...''

''ဒါတွေအားလုံးဟာအန်တီလိမ်ညာခဲ့တာချည်းဘဲလေ...''

''Park Jimin..!!!!''

Jeonသခင်မသည်ဖန်ခွက်ထဲမှရေများကိုJiminမျက်နှာအားပက်လိုက်သည်။
သို့ရာတွင်Jiminသည်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ

''မေမေရဲ့သေဆုံးချင်းဟာအန်တီ့လက်ချက်မှန်းကျွန်တော်သိတယ်...ပြီးတော့သားဖြစ်သူJungkookကိုလည်းမျက်နှာပြောင်တိုက်ပြီးအပြစ်မရှိသလိုဖြူစင်တဲ့မိခင်တစ်ယောက်လုပ်ပြမနေပါနဲ့..Jeonသခင်မ..ဝဋ်ဆိုတာလည်စမြဲပါ...ချမ်းသာမှုတွေ၊စည်းစိမ်ဥစ္စာတွေဘယ်လောက်ဘဲရှိနေပါစေ..ဟက်..ကျွန်တော်ပြောရဲတယ်..အိပ်မက်ထဲမှာကျွန်တော့်မေမေရဲ့ရုပ်ခန္ဓာကိုအ​မြဲတွေ့နေရပြီးသိပ်ကြောက်လန့်နေရတယ်မလား..''

''ဒါတွေကိုJungkookသိပြီးဘယ်တော့များစိတ်ပျက်သွားမလဲ။တစ်ယောက်ထဲများထားခဲ့မလားဆိုပြီးသွေးပျက်နေတယ်မလား..ကလေးတစ်ယောက်ကိုဝမ်းနဲ့လွယ်ပြီးမမွေးနိုင်ခဲ့ပေမဲ့..ရန်သူလိုသဘောထားတဲ့လူရဲ့ကလေးကိုမှသံယောဇဥ်တွေငြိတွယ်ပြီးသူမုန်းသွားမှာ၊ထားရစ်ခံခဲ့ရမှာ၊လောကမှာဟိုတုန်းကလိုတစ်ယောက်ထဲကျန်ရစ်ခဲ့မှသိပ်ကြောက်နေတယ်မလား...''

''မျိုးမစစ်တဲ့ကောင်....နင့်ပါးစပ်ကိုပိတ်လိုက်..''

''အထိနာသွားတာလားJeonသခင်မကြီးခင်ဗျ...ဘာလဲ..ကျွန်တော့်ကိုလည်းပိုက်ဆံတွေ
ပုံအောပေးပြီးလုပ်ကြံခိုင်းဦးမလို့လား...''

''နင်..နင်...''

Jiminသည်မတ်တပ်ထရပ်လိုက်သည်။ရေများသည်မျက်နှာပေါ်မှတစ်ဆင့်မေးစေ့ထက်တွင်တွဲခိုကာအကျီဖြူလွှလွှပေါ်တစ်စက်စက်ကျနေသည်။

''ကုန်ကုန်ပြောရရင်..ကျွန်တော်လည်းJungkookကိုဒီထက်ပိုချစ်ဖို့အစီစဥ်မရှိပါဘူး..ကျွန်တော်ကသခင်မကြီးကိုအရွှဲ့တိုက်ဖို့ဘဲအစီအစဥ်ရှိခဲ့တာလေ..ကောင်လေးကဒီလှည့်ကွက်ထဲရိုးရိုးအအလေးပါသွားခဲ့ရုံ...''

FREEDONE _မောင့်လိပ်ပြာငယ်(completed) Where stories live. Discover now