00

1.1K 91 1
                                    

လူတွေကပြောတယ်.... Cinderella ကမင်းသားလေးရဲ့ဖူးစာရှင်တဲ့...

မင်းသားလေးကိုသိပ်ချစ်သတဲ့
မင်းသားလေးကလည်း Cinderella ကိုသိပ်ချစ်တယ်တဲ့..

ဒါဆို လူတွေကဘာလို့ Anastasia ရဲ့အချစ်ကိုမမြင်ရတာလဲ

မင်းသားလေးကရော ဘာလို့် Anastasia အချစ်ကိုမမြင်ခဲ့တာလဲ

​နောက်ပြီး မင်းကရော ဘာလို့ငါ့အချစ်ကိုမမြင်တာလဲ...

---------------------

DoYoungဟာ သူမကိုသိပ်မုန်းမိသလို
အမေ့ကိုလည်း အနည်းငယ်​စိတ်နာမိပါသည်။
အမေလက်ထပ်လိုက်တဲ့ ထိုလူကြီးကိုလည်း သဘောမကျလှ။
အမြဲတမ်းဖြူစင်ပြနေတဲ့ သူမ...သူမကိုအမုန်းဆုံးပင်။

DoYoungအဖြစ်ဟာ တကယ်ကိုငယ်ငယ်ကနားထောင်ခဲ့ဖူးသောပုံပြင်နှင့်ထပ်ထူ။DoYoung
အဖေသေသွားသည့်နောက် အမေ​ဖြစ်သူ ဟာ လူကုံထံငွေအသင့်အတင့်ရှိသူတစ်ဦးနှင့်လက်ထပ်ခဲ့သည်။
ထိုလူမှာDoYoungနှင့်အသက်တူ သမီးတစ်ယောက်ရှိသည်။
DoYoungနှင့်အမေ​ဖြစ်သူဟာ ထိုသူ့အိမ်ပေါ်သို့တက်နေခဲ့ပြီး အစစအရာရာအဆင်ပြေခဲ့သည်။
DoYounhအမေလက်ထပ်သော လူကြီးမှာ DoYoungတို့ သားအမိအပေါ်DoYoungအဖေ့ထပ်ပင်အဆတစ်ရာကောင်းမွန်သည်။
နောက်ပြီး သူမ ဖြူစင်လွန်းပြီး အလိုက်သိလွန်းသူ...
DoYoungတို့သားအမိအပေါ်လိုလေသေးမရှိစွာဆက်ဆံပါသည်။
ပုံပြင်ထဲကCinderellaလိုပင်။
မတူသည်က DoYoungမှာ Drizellaလို မွေးချင်းမရှိသည်နှင့် အမေ့ရဲ့ယောက်ျားထိုလူကြီးသေဆုံးခြင်းမရှိခဲ့သည်ပင်။

ပုံပြင်ထဲကအတိုင်းပင် မယုံနိုင်စရာကောင်းစွာပဲ..ယောက်ျားတစ်ယောက်ကိုပြိုင်တူချစ်ခဲ့မိကြပါသည်။

---------------------------------

"ဒီအပတ်ကျောင်းစာမေးပွဲမှာ သမီးအဆင့်တစ်ရတယ် ဖေဖေ''

သူမက အဆင့်တစ်ရကြောင်း ဝမ်းသာစွာပြောလာသည်။

"ဒါဆို DoYoungကအဆင့်နှစ်ပေါ့''

"ဟုတ်ပါတယ် ဦးလေး''

ထိုလူကြီးအမေးကို လက်သီးတင်းတင်းစုပ်ရင်းDoYoungပြန်ဖြေလိုက်သည်။

အမေဟာလည်းပြုံးနေသော်လည်း စိတ်ထဲတွင်ဒေါသထွက်နေမှန်းDoYoungခံစားမိပါသည်။

Anastasia Where stories live. Discover now