04

420 80 1
                                    

TaeYong ကျောင်းအသစ်တွင်တက်နေသည်မှာ ​သုံးပတ်ကျော်လေးပတ်ခန့်ကြာပြီဖြစ်သည်။ ထို့ကြောင့် ကျောင်းမှာ သူနှင့်သိပ်မစိမ်းလှတော့ပေ။
ထို့ပြင် Mayနဲ့JaeHyunတို့နှင့်လည်း အတော်ပင်ရင်းနှီးလာသည်။
TaeYongမှာဆက်ဆံရေးကောင်းသူပီပီ အတန်းထဲရှိသူများသာမက ကျောင်းမှအတော်များများကပါ သူ့အားသိနှင့်နေပြီဖြစ်သည်။
သို့သော် သူအခုထိတိုင် မရင်းနှီးဘဲ စိမ်းနေသူမှာ DoYoungပင်ရှိတော့သည်။ ဆိုရရင်ဖြင့် DoYoungဘက်က တအားရှောင်ဖယ်လွန်းသည်ပင်။

ထို့အပြင် TaeYongနှင့်Mayသည်လည်း အတော်အတန်ပင် ရင်းနှီးမှုမြင့်မားလာသည်။
TaeYongသည် Mayနှင့်အတူ Canteenထိုင်ခြင်း၊စာအတူလုပ်ခြင်းအပြင် နောက်ပိုင်းတွင် Mayအိမ်လိုက်ပို့ ကျောင်းသွားလျင်လာခေါ်သည်အထိ အတော်ပင် အဆင့်တက်နေကြသည်။

ထို့ကြောင့် DoYoungမှာ ကျောင်းသွားကျောင်းပြန် ကပ်ပါးလိုကပ်နေသော စိတ်ရှုပ်စရာMayမရှိတော့ပေ။

_________________________

"TaeYongက ဘာတက္ကသိုလ်တက်ဖို့စဥ်းစားထားလဲ''

"အင်း...မပြောတတ်သေးပေမဲ့ ဆိုးလ်တက္ကသိုလ်ကိုပဲတက်ချင်တဲ့ရာခိုင်နှုန်းပိုများတယ်''

အထက်တန်းနောက်ဆုံးနှစ်ကျောင်းသားများဖြစ်သည့်အလျောက်တက္ကသိုလ်အကြောင်းပြောကြသည်မှာအဆန်းတော့မဟုတ်ပေ။

Mayနှင့်TaeYongပြောနေသည်များကို DoYoung သူတို့အနောက်တန်းမှအကုန်ကြားနေရပါသည်။

"ဒါဆိုDoYoungနဲ့အတူတူပဲပေါ့..JaeHyunရောလေ ဆိုးလ်တက္ကသိုလ်ပဲတက်ကြမှာတဲ့''

Mayဟာတစ်ဖက်မှာအားရဝမ်းသာပြောလာသည်။

"ဒါဆို Mayကရော..''

TaeYongက DoYoungကိုတစ်ခဏလှည့်ကြည့်ပြီးနောက် Mayအားပြန်ကြည့်ကာမေးလိုက်သည်။

"Mayကလား..Mayက Fashion Designer ဖြစ်ချင်တာလေ အဲ့တာကြောင့် Parisမှာ ကျောင်းသွားတက်ဖို့စီစဥ်ထားတာ..''

Mayရဲ့အဖြေကြောင့်DoYoung စက္ကန့်ပိုင်းမျှ Mayအားကြည့်မိသည်။
Mayနိုင်ငံခြားကျောင်းသွားတက်မည့်ကိစ္စနှင့် DoYoung ဟာအမေဖြစ်သူနှင့် တိုက်ပွဲဝင်ရဦးမည်ပင်။
အဘယ့်ကြောင့်ဆို DoYoungက ကိုရီးယားတွင်ပဲ ကျောင်းဆက်တက်ချင်သူ။

______________________

အတန်းနားချိန်တွင် DoYoungထုံးစံအတိုင်း ခေါင်းမိုးထပ်သို့သာလာနေသည်။
ခေါင်မိုးထပ်က လေညှင်းခပ်သွဲ့သွဲ့တိုက်နေသော်လည်း DoYoung ရင်ထဲမအေးချမ်းနိုင်ပေ။

ထို့နောက်အိပ်ကပ်ထဲမှဆေးလိပ်ဘူးအားထုတ်ကာဆေးလိပ်တစ်လိပ်ပါးစပ်တွင်ငုံခဲလိုက်သည်။

စိတ်ရှုပ်မှုအားဖြေဖျောက်ရန်မှာ သူ့အတွက်ဆေးလိပ်သောက်ခြင်းသာရှိသည်။

ဆေးလိပ်အားမီးညှိရန်ပြင်လိုက်စဥ်ပင်..DoYoungနှုတ်ခမ်းကြားမှဆေးလိပ်အားတစ်စုံတစ်ယောက်က ဆွဲယူသွားသည်။
ထို့နောက်တွင် ထိုသူကသူ့ပါးစပ်ကြားငုံခဲကာ မီးညှိလိုက်သည်။
ဆေးလိပ်အားခပ်ဖွဖွရှိုက်ရင်း အငွေ့များကို ထိုနှုတ်ခမ်းပါးက အသာအယာမှုတ်ထုတ်လိုက်သည်။

DoYoung မှာ ပိုင်စိုးပိုင်နင်းဆန်လှသည့် ထိုသူအားမျက်မှောင်ကြုံ့ကာကြည့်လိုက်သည်။

"မင်း ဘာလုပ်တာလဲ''

"ဆေးလိပ်တွေ အရမ်းသောက်တာမကောင်းဘူး''

"ငါ့ဘာသာ ဘယ်လိုသောက်သောက်မင်းနဲ့မဆိုင်ဘူး''

TaeYongပြုံးမိသွားသည်။ ဒါပထမဆုံးအကြိမ် DoYoungသူ့အား စကားအများဆုံးပြောခြင်းပင်။

"ရော့..ဆေးလိပ်အစား ပီကေစား''

DoYoungလက်ထဲသို့ ပီကေတစ်ထုပ်လာထည့်ပေးသည်။

"ဆေးလိပ်သောက်မှစိတ်ဖိစီးသက်သာတာမဟုတ်ဘူး..ပီကေဝါးရင်လဲ အဆင်ပြေပါတယ်''

ထိုသို့ပြောကာ ထွက်သွားသည်။
DoYoungသာ ပီကေတစ်ထုပ်နှင့်ကြောင်အစွာကျန်ခဲ့သူ။

__________________

ယုံကြမယ်တော့မထင်ဘူး...ကိုယ်တိုင်လဲမယုံနိုင်ဘဲ အံ့ဩမိတယ်..
အဲ့ဒီနေ့ကစပြီး ဆေးလိပ်မသောက်တော့တဲ့အကြောင်းနဲ့ပီကေ စွဲသွားတဲ့အကြောင်းပေါ့

___________________

တိုသွားပါတယ်..ဒီနေ့အပိုင်းက
တကယ်ကလေ DoTae ficတွေတအားရှားလို့ကိုယ်နဲ့ကိုယ့်သူငယ်ချင်းတစ်ယောက်ဖတ်ဖို့ရေးလိုက်မိတာ..မထင်ထားအောင်ပဲ ဖတ်ပေးတဲ့သူတွေရှိတော့ တကယ် ဝမ်းသာပြီးပျော်ရပါတယ်♥

Anastasia Where stories live. Discover now