30 (Final)

593 83 21
                                    

" Lee TaeYong ဘာဖြစ်နေတာလဲ!!!"

ကျောင်းပြီးသွားတဲ့သူတို့ဟာ လုပ်ငန်းခွင်စတင်ဝင်နေကြပြီဖြစ်ပြီး ပိတ်ရက်တွေမှာတွေ့ စုလို့တွေ့ဆုံကြသေးသည်။

" အလုပ်နဲ့မအားလို့ဆို မင်းကိုပြောထားတာပဲမလား "

"ပြောထားပေမယ့် ဖုန်းတောင်မကိုင်နိုင်လောက်တဲ့အထိ ဘာဖြစ်နေတာလဲ "

" စိတ်လျှော့ပါ နင်ကလည်း"

လေးနှစ်ကျော်ပြီဖြစ်ပြီး မိဘအသိုင်းအဝိုင်းပါ သိလို့သဘောတူထားသည့် သူတို့အချစ်ဇာတ်လမ်းဟာ အဆင်ပြေတာထပ်ပိုခဲ့ပါသည်။
တစ်ခါတစ်လေ ချစ်သူသဘာဝစကားများကြခြင်းရှိသော်လည်း အတော်ပင်ခပ်ရှားရှား။

" Ti...Ti...Ti..."

"အဲ့ဒီမှာ မျှော်နေတဲ့ဖုန်း လာပြီမဟုတ်လား ကိုင်တော်မူပါဦး "

SooYoungကို ခပ်ရွဲ့ရွဲ့စကားကို လက်သီးစုပ်ထောင်ပြရင်း တစ်ဖက်ကနေ ဖုန်းကိုကိုင်လိုက်သည်။

" အသက်ရှိသေးသားပဲနော် "

ထုံးစံအတိုင်း ခပ်ဟဟရယ်သံသည်ဟာ ထွက်ပေါ်လာသည်။

" DoYoungအခုဘယ်မှာလဲ လာခေါ်မလို့ "

" Park SooYoungအိမ်မှာလေ လာပါ လာခဲ့စမ်းပါ မင်းကိုမေးစရာတွေမှအများကြီး!"

ဖုန်းချပြီးချိန်အထိ တွန့်နေတဲ့မျက်ခုံးတို့ဟာမပြေသေးလေတော့ JaeHyunနှင့် SooYoungတို့နှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက်ကြည့်ရင်း ရယ်ကာခေါင်းခါကြသည်။

" မင်းတို့ကဘာရယ်တာလဲ "

" ရည်းစားနဲ့ သုံးရက်လေးမတွေ့ရတာကို ဖြစ်ပျက်နေတာပဲ "

''အေးလေ... တအားအပိုတွေ "

"မင်းတို့ရည်းစားတွေ သုံးရက်ဆက်တိုက်ဖုန်းမခေါ် လာမတွေ့ဘဲနေရင် ဘာမှမဖြစ်သလို နေနိုင်မှ အဲ့ဒီစကားပြောကြ "

ထိုသို့ပြောလိုက်သောအခါမှ အီလည်လည်မျက်နှာပေးနှင့်ပါးစပ်ပိတ်သွားသော နှစ်ယောက်ကိုကြည့်ရင်း ကြိတ်ပြုံးလိုက်ရပါသေးသည်။

မေမေသဘောတူပြီးသည့်အချိန်မှစ DoYoungနှင့်မေမေရဲ့ဆက်ဆံရေးဟာလည်း အရင်လိုကြောက်ရွံလေးစားဆက်ဆံရေးမှ အရာရာရင်ဖွင့်နိုင်သော စိတ်ထဲရှိသမျှတိုင်ပင်နိုင်သော ဆက်ဆံရေးအဖြစ်ကူးပြောင်းပြီးပိုလို့အကျွမ်းတဝင်ဖြစ်လာသည်။
ရုံးပိတ်ရက်များဆိုလျှင် DoYoungတို့သားအမိနှင့်Mayဖေဖေအပြင် TaeYongတို့သားအမိတို့ဟာ အိမ်လာသည်ဖြစ်စေ၊ DoYoungတို့က သူတို့အိမ်သွားသည်ဖြစ်စေ တွေ့ဆုံကြ စကားလက်ဆုံကြရင်း အစာအစားများလုပ်စားဖြစ်သေးသည်။

Anastasia Tempat cerita menjadi hidup. Temukan sekarang