" နောက်ဆုံးနှစ်ကျောင်းသားဘဝတောင်ရောက်ပြီပဲ... အငယ်တွေကစီနီယာလို့ခေါ်တိုင်း အရမ်းအသက်ကြီးသလိုခံစားနေရတယ်ဟယ် "
Canteenမှာ ထိုင်နေတဲ့ DoYoungတို့လေးယောက်ထဲမှာ SooYoungဟာ ငိုတော့မလိုမျက်နှာပေးလုပ်ရင်းစကားပြောလာသည်။
" အသက်သာကြီးတာ နင့်ပုံစံက မူလတန်းကလေးအကျင့်နဲ့ "
"အို...DoYoungieက ဒီက Noonaကို ကလေးလေးလိုနုတယ်လို့ပြောချင်တာပေါ့ "
"ဆုတောင်းလေ "
" ဒီနေ့ TaeYongမေမေနဲ့တွေ့မလို့ဆို "
JaeHyunက ခပ်ပြုံးပြုံးမေးလာတဲ့အခါ DoYoungက လေပူတစ်ချက်မှုတ်ထုတ်ရင်း လက်ဖဝါးနှစ်ဖက်ကို ဟိုဟိုဒီဒီပွတ်သတ်လို့နေသည်။
"အံမယ်...အံမယ် ဒါကစိတ်လှုပ်ရှားနေတဲ့ပုံပေါ့လေ "
DoYoungပုံစံကို SooYoungကို လက်ညှိုးတထိုးထိုးနှင့် ရယ်လေတော့ TaeYongဟာ DoYoungပခုံးကို ခပ်ဖွဖွပွတ်သတ်ရင်း SooYoungကို လက်သီးရွယ်ပြလိုက်သေးသည်။
"စိတ်မလှုပ်ရှားပါနဲ့ မေမေကမင်းကို စတွေ့ကတည်းက သဘောကျနေတာလေ "
စိတ်သက်သာလိုသက်သာငြား ပြောလေတော့ DoYoungက ခေါင်းကိုငြိမ့်လျက်။
TaeYong နှင့်DoYoungတို့ ချစ်သူသက်တမ်းဟာ သုံးနှစ်ကျော်ပြီဖြစ်ပြီး ထိုကာလတစ်လျှောက်လုံးဟာ ချစ်သူရည်းစားများသဘာဝ ရန်ဖြစ်လိုက် ပြန်၍ချစ်လိုက်ပင်။
သို့ပေမယ့် သူတို့ဟာဘယ်လောက်ရန်ဖြစ်ကြပါစေ နေ့မကူးခင်ပြေလည်သွားကြတာချည်းသာ။
လက်လွှတ်ဖို့ဆိုတာ တစ်ခါမှမစဥ်းစားခဲ့ကြဖူးပါ။" TaeYong ငါ ဒီအဝတ်အစားနဲ့အဆင်ပြေပါ့မလား...နည်းနည်းလည်းပိုပြင်ဆင်ပြီးဝတ်သင့်တာကို "
ပုံမှန်အတိုင်းပေါ့ပေါ့ပါးပါးသာဝတ်ဆင်ထားတဲ့ DoYoungဟာ ဒီတစ်ခါမှတော့ သူ့ကိုယ်သူယုံကြည်မှုမရှိသလို။
" အရိုးရှင်းဆုံးက အကောင်းဆုံးပဲဆိုတဲ့စကားကိုသိလား...ဒီလိုလေးနဲ့လည်း မင်းက အကောင်းဆုံးမလို့ အရမ်းမစိုးရိမ်ပါနဲ့ မေမေက သဘောကျပြီးသားပါ "
စိတ်လှုပ်ရှားနေတဲ့ DoYoungလက်ကို ဆွဲကိုင်လိုက်တော့ ခပ်တင်းတင်းပြန်ဆုပ်ကိုင်လာတဲ့ DoYoungကြောင့် TaeYongလည်း ပြုံးမိပြန်သည်။