27

448 69 3
                                    

" ခက်ခဲမယ်ဆိုတာသိပေမယ့်ပေါ့... အဆုံးထိရူးမိုက်ကြည့်မယ်လေ"

DoYoungရဲ့အပြောကြောင့် အကုန်လုံးက ကြောင်အသွားကြပေမယ့် အဆုံးမှာ ကြည်နူးဖွယ်လေထုသာကြီးစိုးပြီး DoYoungတို့နှစ်ယောက်အပေါ် အားပေးရင်း သူတို့ဘက်မှာရှိကြောင်းဟူသော အကြည့်တွေဟာလွမ်းခြုံလို့လာသည်။

တစ်ခါတစ်လေစနောက်ပေမယ့် အလိုက်သိကြလွန်းတဲ့သူငယ်ချင်းတွေက နှစ်ယောက်ထဲအေးဆေးစကားပြောကြရန်ဆိုကာ ထွက်သွားကြပြီဖြစ်သောကြောင့် TaeYongအိမ်မှာ သူတို့နှစ်ယောက်သာကျန်ခဲ့လို့နေသည်။

" မေမေ့ကိုဖွင့်ပြောတဲ့အခါ အင်း...လုံးဝမတွေ့ဘဲနေရတာမျိုးတွေပါဖြစ်နိုင်ပေမယ့် စိတ်ချပါ ဒီ့ထပ်ဆိုးတာမျိုးဖြစ်တောင် ငါကလက်လျော့မှာမဟုတ်လို့လေ "

" DoYoung....တကယ်ဆို ငါစောင့်နိုင်ပါသေးတယ် မင်းနဲ့မင်းမေမေကြား အဆင်မပြေ..."

"ငါမစောင့်နိုင်တော့ဘူးလေ... အနှေးနဲ့အမြန်သိမယ့်ကိစ္စမလို့ နောက်ပြီး ငါကိုယ်တိုင်ကလည်း ဖွင့်ပြောရဲတဲ့သတ္တိအလုံအလောက်ရှိနေပြီမလို့ မင်းသာ ငါ့အနားမှာအမြဲရှိနေရင် အရာရာအဆင်ပြေမယ်လို့ ငါယုံကြည်တယ် "

DoYoungစကားအပြီးမှာ TaeYongဟာ DoYoungလက်ဖမိုးကိုညှင်ညှင်သာသာဆွဲယူရင်း တရှိုက်မက်မက်နမ်းရှိုက်လိုက်သည်။

" ရူးတော့မယ်ထင်တယ်  မင်းကိုချစ်ရလွန်းလို့ "

TaeYongအပြောကြောင့် DoYoungအသံထွက်သည်အထိရယ်သံဟာထွက်ပေါ်လာတော့ TaeYongဟာ မျက်မှောင်ကြုံ့လို့ကြည့်လာသည်။

" ငါဆို မင်းကိုစချစ်မိကတည်းကရူးနေပြီလေ "

ရယ်ခြင်းကိုအရှိန်သတ်ကာ TaeYongနားသယ်စလေးကို ခပ်ဖွဖွထိကိုင်ရင်းပြောလိုက်တော့ ပြေလျော့သွားသော မျက်ခုံးနှင့်အတူ DoYoung နှုတ်ခမ်းကို လျှပ်တပြတ်နမ်းလိုက်သော TaeYong။
စက္ကန့်ပိုင်းသာ ထိတွေ့လိုက်သော နူးညံ့မှုဟာလည်း ရူးသွပ်ချင်စရာကောင်းလောက်အောင်လုံလောက်ပါသည်။

" ငါတို့က အရူးပဲ အချစ်ရူး "

" အင်း Lee TaeYongဆိုတဲ့မင်းကိုပဲ ရူးနေမိတဲ့ အချစ်ရူး "

Anastasia Onde histórias criam vida. Descubra agora