"ဝန်ခံကတိလက်မှတ်ထိုးပြီးရင် ပြန်လို့ရပါပြီ''
"နောက်တစ်ခါ ပိုက်ဆံမရှိလည်း အကျိုးအကြောင်းပြောပေါ့ ဒီလိုတော့ထွက်မပြေးကြနဲ့''
DoYoungနှင့်TaeYongဟာ ဝန်ခံကတိလက်မှတ်ထိုးရင်း စခန်းမှူးပြောသမျှကို ငြိမ်နားထောင်နေရသည်။
သူတို့မှာ လုံခြုံရေးဦးလေးကြီးဆီမှ မိသွားကာ ရဲစခန်းသို့ခေါ်လာခြင်းခံရပြီး TaeYong မေမေကို လှမ်းခေါ်ကာ ထောက်ခံချက်ယူရသည်။
"သားတို့နဲ့ကွယ်.... တော့ပူကီဖိုးမပေးနိုင်လို့ ရဲစခန်းရောက်ရတယ်လို့ ''
TaeYongမေမေဟာ DoYoung တို့နှစ်ယောက်ကို ကြည့်ရင်း ပြုံးလျက်ပြောလာသည်။
"သူများတွေက ရန်ဖြစ်လို့ရဲစခန်းရောက်တယ် ဒီကလေးနှစ်ယောက်ကတော့....''
"တော်ပါတော့မေမေရာ ''
မေမေရဲ့ စနောက်နောက်စကားများကို TaeYongဆက်နားမထောင်နိုင်စွာပြောလိုက်သည်။
"ကျေးဇူးပါ အန်တီ အခုလိုကူညီပေးလို့''
DoYoungဟာ အရိုအသေပေးရင်း ကျေးဇူးတင်စကားဆိုသည်။
"ရပါတယ်သားရယ် ပြန်မလို့လား အန်တီလိုက်ပို့ပေးမယ်လေ ''
"ရပါတယ် အန်တီသားဘာသာပဲ ပြန်လိုက်ပါမယ်''
"ပြန်ရအောင် မင်းပိုက်ဆံအိတ်ကဆိုင်မှာကျန်ခဲ့ပြီလေ ပြန်ယူဖို့လည်း အဆင်မပြေတော့ဘူးမလား လာပါ မေမေမှာကားပါတယ် လိုက်ပို့ပေးမယ်''
"ဟုတ်သားပဲ သားရယ် လာပါ အန်တီလိုက်ပို့ပေးမယ်''
နောက်ဆုံးတွင်တော့ DoYoungဟာ လက်ခံလိုက်ရပါသည်။
DoYoungဟာ ကားနောက်ခန်းတွင်တစ်ယောက်ထဲ ထိုင်ကာ TaeYongကတော့ ကားမောင်းနေသော သူ့မေမေဘေးမှာ။
DoYoungမှာ TaeYongမေမေအား အတော်ပင်သဘောကျမိပါသည်။
လွတ်လွတ်လပ်လပ်နှင့် နွေးထွေးမှုပေးနိုင်သော အမေမျိုး။
DoYoungမေမေမှာတော့ ငယ်ငယ်ထဲမှDoYoungအတွက်အလုပ်တွေကြိုးစားရင်း DoYoungမချို့တဲ့စေရန်အတွက်သာ အလုပ်လုပ်ပြီး DoYoungအပေါ်နွေးထွေးမှုပေးရန် မေ့နေသည်ထင်ပါရဲ့။