02

500 74 1
                                    

TaeYongဟာ Mayဘေးမှာဝင်ထိုင်လိုက်သည်။
ဒါဟာရှင်းနေသည့်အရာပင်။ သဘောကျတဲ့သူဘေးမှာထိုင်လိုက်ခြင်း။

"နင်အသစ်ပြောင်းလာမှန်းသိပေမဲ့ ငါတို့အတန်းကိုပြောင်းမယ်လို့မထင်ထားဘူး''

"တကယ်ကိုတိုက်ဆိုင်တဲ့ကံတရားပဲ''

သူတို့အချင်းချင်းစကားတွေပြောနေသံအား DoYoungနားမထောင်ချင်သော်လည်းကြားနေရသည်။
ထို့နောက်ဆရာမဆီမှ စာအုပ်ဖွင့်ရန်အသံကြားပြီးနောက် သူတို့ဟာ စာသင်ခြင်းဆီသို့သာအာရုံစိုက်လိုက်ကြသည်။

အတန်းပြီးသွားချိန်တွင် အတန်းပိုင်ဆရာမက TaeYongကိုလှမ်းပြောသည်။

"သား သားကအခုမှအသစ်ပြောင်းလာတဲ့သူမလို့ အခက်အခဲတွေရှိရင်ဆရာမကိုပြောနော်..ပြီးတော့ အတန်းခေါင်းဆောင် JaeHyunကိုလည်းမေးလို့ရသလို သားဘေးကMayနဲ့ အနောက်တန်းကDoYoungက ကျောင်းရဲ့ထိပ်တန်းကျောင်းသားတွေမို့ သူတို့ကိုမေးလဲရတယ်..''

ဆရာမရဲ့အသံနှင့်အတူ DoYoungနာမည်ပြောလိုက်သည့်အချိန် TaeYongဟာ DoYoungရှိရာဘက်သို့လှည့်ကြည့်ရင်း ခပ်ဖွဖွပြုံးပြသည်။
DoYoungမှာလည်း TaeYongကိုကြည့်နေပေမဲ့ ပြန်လည်ပြုံးပြချင်းမရှိခဲ့ပါ။
သို့ပေမဲ့ TaeYongအကြည့်လွှဲသွားသည့်တိုင်အောင် DoYoungဟာအကြည့်မလွှဲဘဲ ထိုသူ့အားကြည့်နေမိပါသည်။

"Mayတို့လည်း TaeYongကိုသေချာကူညီပေးကြနော်''

ဆရာမသည်အမှာစကားဆိုအပြီးအတန်းထဲမှထွက်သွားသည်။

ထို့နောက်အတန်းခေါင်းဆောင်ဖြစ်သူက TaeYongအားလာနှုတ်ဆက်သည်။

"ဟိုင်း..ငါက JaeHyun Jeong JaeHyunလို့ခေါ်တယ်..ဒီအတန်းရဲ့အတန်းခေါင်းဆောင် မင်းလိုတာရှိရင် ငါ့ကိုအကုန်ပြောလို့ရတယ်နော်''

JaeHyunဟာ ဖော်ရွေသူပီပီမိတ်ဆက်စကားကိုပြောသည်။

"ခုနကမိတ်ဆက်ပေးပြီး​ပေမဲ့ ငါ့နာမည်ကTaeYongပါ မင်းတို့နဲ့တကယ်ရင်းနှီးချင်ပါတယ်''

TaeYongသည်လည်းအချဥ်မဟုတ် ဆိုရှယ်ကောင်းသူဟုဆိုရမည်။ ကသိကအောက်ဖြစ်ချင်းမရှိဘဲ နွေးထွေးဖော်ရွေတဲ့လေထုအကြား DoYoungသည်သာအေးစက်လျက်။

Anastasia Tahanan ng mga kuwento. Tumuklas ngayon