29

437 62 11
                                    

" ဘယ်လိုလုပ်ကြမလဲ DoYoung "

"မင်းက ဘာလို့...မသိတော့ဘူး!!! ဘယ်လိုလုပ်ရမလဲ "

ကုတင်ပေါ်ကဆင်းလာတဲ့ TaeYongဟာ DoYoungကိုကြည့်ရင်းပင် သူကိုယ်တိုင်လည်းဗျာများရသည်။

နိုးလာချိန်မှာ ဘေးနားမှာမရှိသော ချစ်သူကြောင့် အခန်းပြင်လည်းထွက်မရ၍ ကုတင်ပေါ်တွင်သာထိုင်စောင့်နေချိန် တံခါးဖွင့်သံနှင့်အတူ ဝမ်းသာအားရကြည့်လိုက်မိတဲ့အခါ မျှော်လင့်ထားသလို DoYoungမဟုတ်ပါဘဲ သက်လတ်ပိုင်းအရွယ်အမျိုးသမီးဖြစ်နေပြီး နှစ်ခါမျှလောက်အဝေးမှမြင်ဖူး၍ DoYoungအမေဖြစ်သူဆိုတာ တန်းသိလိုက်ချိန်မှာ ပူထူသွားသောခေါင်းနှင့်အတူ ဘာပြောရမည်မသိ။
အံ့ဩစွာကြည့်နေသော ထိုအမျိုးသမီးဟာလည်း ဘာမှမပြောနိုင်။
တစ်ခုခုပြုတ်ကျသံကြောင့် အသံလားရာကြည့်မိချိန်မှာ ထပ်တူအံ့ဩနေသော DoYoungနှင့်အတူ ဒေါသနှင့် ဧည့်ခန်းအတွင်းလိုက်လာရန်ခေါ်သံကြောင့် နှစ်​ယောက်လုံးမှာ တုန်တက်သွားရပြန်သည်။

" ဖြစ်သမျှအကြောင်း အကောင်းပေါ့ကွာ "

TaeYongအားပေးစကားနှင့်အတူ အခန်းတွင်းမှထွက်လေတော့ တည့်တည့်တိုးသည်မှာ Mayနှင့်။

" DoYoung အသံတွေဆူနေလို့ ဘာဖြစ်..."

TaeYongကိုမမြင်သေးသော် Mayဟာ စကားတွေဆက်တိုက်ပြောနေပေမယ့် အခန်းတွင်းမှထွက်လာသူ TaeYongကြောင့် ဘာမှဆက်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသား။

"Lee TaeYong !! နင်က ဘယ်လို.. ဒီအခန်း..."

"အကြောင်းစုံသိချင်ရင် အောက်ကိုသာလိုက်ခဲ့တော့ "

ဘာမှပြန်မပြောဘဲ ဆင်းသွားသော DoYoungအနောက်ကို TaeYongအပြင် Mayပါလိုက်လို့လာသည်။
Mayရဲ့စပ်စုနေသော မျက်လုံးတွေကိုတော့ TaeYongရဲ့ ပြိုတော့မည့်မိုးလိုအပြုံးတွေနှင့်သာအ​ဖြေပေးရသည်။

ဧည့်ခန်းသို့ရောက်ချိန်မှာ Mayဖေဖေဟာလည်းရှိနေပြီး TaeYongကိုမြင်ချိန်မှာ သူဟာ ဘာမှနားမလည်။

Mayဖေဖေဟာ အလယ်တည့်တည့်မှာခုံမှာထိုင်ရင်း DoYoungမေမေဟာတော့ ဘေးဘက်မှခုံတွင်ထိုင်သည်။
DoYoungနှင့် TaeYongဟာလည်း မျက်နှာငယ်ဖြင့် အမေဖြစ်သူ၏ မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ချိန်မှာ Mayဟာတော့ DoYoungမေမေ ဘေးမှာဖြစ်သည်။

Anastasia Unde poveștirile trăiesc. Descoperă acum