DoYoungဟာ ကော်ဖီဆိုင်မှာ ပြန်လာခဲ့သည်။
အေးစက်သွားသောစကားဝိုင်းနှင့်အတူ တိတ်ဆိတ်သွားသော နှုတ်ခမ်းများဟာ အနည်းငယ်ဖြင့် အထီးကျန်စရာကောင်းလှပါသည်။
အရာမယွင်းသောကော်ဖီခွက်နှင့်အတူ DoYoungဟာ နှုတ်ဆက်ခြင်းမရှိဘဲ ကော်ဖီဆိုင်လေးမှထွက်လာခဲ့သည်။
TaeYongဟာလည်း ဒီတစ်ခါတွင် တားဆီးခြင်းမရှိခဲ့ပါ။အိမ်ပြန်ရောက်သောအခါ DoYoungဟာ အိပ်ယာထပ်တွင် လှဲလိုက်သည်။
သူ့စိတ်အစုံလေးလံနေရခြင်းကိုဘာကြောင့်မှန်းသူ ကိုယ်တိုင်လည်းမသိနိုင်ပါ။
ဘယ်အချိန်ကစတင်ပြီး သူ့စိတ်ကို သူဖမ်းဆုပ်လို့မရတော့သလဲ...ကိုယ့်စိတ်အခြေအနေကိုယ်ပင်မသိနိုင်လောက်အောင် DoYoungဟာ အတော်ပင် ခံစားရခက်နေရပါသည်။ထို့နောက် စာကြည့်စားပွဲတွင်ပြန်ထိုင်ရင်းသာ ဦးတည်ရာမဲ့လွင့်မျောနေသော သူ့စိတ်ခံစားချက်များကိုငြိမ်သက်စေပါတော့သည်။
____________________
နောက်နေ့တွင် DoYoungဟာ ကျောင်းသွားဖို့ဆင်းလာချိန်တွင် အိမ်ရှေ့မှာ Mayနှင့်အတူ TaeYongကို တွေ့လိုက်ရသည်။
TaeYongဟာ အမြဲလိုလို Mayအား ဒီအချိန်တွင်လာခေါ်သည်ကိုသိရက်နှင့် မေ့သွားကာ အချိန်ကွက်တိရောက်လာမိသော DoYoung ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲလိုက်မိသည်။"DoYoungပဲ အတူသွားကြမလား ''
TaeYongဟာ မနေ့ကဘာမှမဖြစ်ခဲ့သလို ပြုံးပြုံးရွှင်ရွှင်နှင့်DoYoungကိုမေးလိုက်သည်။
Mayဟာလည်း ပြုံးပြသည်။DoYoung မှာတော့ TaeYong ပြုံးပြသည်ကိုမြင်ရသည်နှင့် စိတ်ထဲ အဆင်မပြေ။
အဘယ့်ကြောင့်များ ဘာများမဖြစ်သလို နေနေသနည်း။
DoYoungမှာ သူတစ်ယောက်ထဲကသာ တစ်ဖက်သတ်ဆန်ဆန် စိတ်ရှုပ်ကာခံစားနေရကြောင်းတွေးမိပြန်တော့ နှုတ်ခမ်းလှုပ်ရုံသာ မဲ့ပြုံးမဆန်သော မဲ့ပြုံး ပြုံးမိပါသည်။"ကောင်းပြီလေ အတူသွားကြတာပေါ့''
DoYoung ဆီက မထင်မှတ်သောအဖြေကြောင့် Mayဟာ မျက်လုံးပြူးသွားသည်။
"အကြာကြီးနေမှ DoYoungieနဲ့အတူ ကျောင်းသွားရမှာမလို့ ရင်တောင်ခုန်သွားပြီ''