03

477 73 3
                                    

"ဆေးလိပ်သောက်ချင်ပြီး မီးခြစ်တော့ဆောင်ထားရမှာပေါ့''

TaeYongအသံဟာရွှင်မြူးမြူး
DoYoungဟာ မျက်မှောင်ကြုံ့လျက် သူ့အားကြည့်လိုက်သည်။
ထို့နောက် ဆေးလိပ်အား တစ်ချက်ရှိူက်သွင်းရင်း အငွေ့များကို TaeYongမျက်နှာရှေ့သို့မှုတ်ထုတ်လိုက်သည်။
နှုတ်ခမ်းကြားမှဆေးလိပ်အား လက်ကြားထဲသို့ပြောင်းလိုက်ရင်း..

"မင်းတို့ကဘာလိုက်လာလုပ်ကြတာလဲ''

DoYoung အပြောကြောင့် TaeYongမှာ ရင်ထဲနင်သွားသည်။
အနည်းဆုံးတော့ ''ကျေးဇူး''လို့ပြောရန်​မမျှော်လင့်ပေမဲ့ ဒီလိုအကန်စကား​ပြောမည်လို့မထင်ခဲ့ပါ။

"Kim DoYoung မင်းဆေးလိပ်တွေသောက်ပြန်ပြီလား နောက်တစ်ခါဆို ငါတကယ်ရုံးခန်းကိုသွားတိုင်မှာနော်''

အတန်းခေါင်းဆောင်ဖြစ်သူ JaeHyunမှာတော့ DoYoung ဆေးလိပ်သောက်တိုင်း ထိုကဲ့သို့သာပြောသည်။
သူ့သူငယ်ချင်းလေးအားရုံးခန်းလဲမတိုင်ရက်။
DoYoungမှာ JaeHyunအပြောကြောင့် ပြုံးမိလိုက်ပါသည်။

"မင်းအဲ့ဆေးလိပ်တွေမသောက်စမ်းနဲ့
Lee TaeYong မင်းကလည်း မီးခြစ်တောင်ခြစ်ပေးလိုက်သေးတယ်နော် ''

JaeHyunဟာ သူ့ရှေ့မှနှစ်ယောက်အားမာန်မဲလိုက်သည်။
DoYoung လက်ကြားထဲမှဆေးလိပ်အားယူကာ ကြမ်းခင်းပြင်ပေါ်သို့ပစ်ချရင်းခြေထောက်နဲ့ နင်းကာမီးသတ်လိုက်သည်။

"ရော့ ဘာမှ​လဲသေချာမစားထားဘဲ ဒါလေးစားလိုက်''

JaeHyunဟာ သူဝယ်လာသည့်ပေါင်မုန့်နဲ့စတော်ဘယ်ရီနို့အား DoYoungဆီသို့ပေးလိုက်သည်။
DoYoungဟာ မယူပါ။
သူ့ဆေးလိပ်အား ဖျက်စီးလိုက်၍ကျေနပ်ပုံမပေါ်။

"မင်းမစားရင် ဒီနေရာကိုMayကို ဖုန်းဆက်ပြီးခေါ်လိုက်မှာနော်''

" Shit!!!စားရင်ပြီးရောမလား ပေး ပေး''

JaeHyunမှာသူ့စကားအလုပ်ဖြစ်သည်ကိုသိပြီး ရယ်လိုက်သည်။

"မရယ်နဲ့ ဟေ့ကောင်''

"ဘာလို့်သူ့ကိုခေါ်လာ​တာလဲ''

TaeYongမှာ ဘာမှမပြောဘဲ ငြိမ်၍သာကြည့်နေသော်လည်း DoYoungက သူဒီနေရာလိုက်လာသည်ကိုသဘောကျပုံမပေါ်။

Anastasia Nơi câu chuyện tồn tại. Hãy khám phá bây giờ