" Kim DoYoung! အစာအငတ်ခံဆန္ဒပြဖို့မစဥ်းစားနဲ့...အဲ့လိုလုပ်ရုံနဲ့ခွင့်ပြုပေးမယ်ထင်နေတာလား "
သုံးရက်ရှိပြီဖြစ်သည်။ အိမ်ထဲမှအိမ်အပြင်သို့မထွက်ရန်မတားမြစ်သော်လည်း DoYoungဟာ စာတမ်းတင်ပြီး၍ ကျောင်းမသွားလည်းရသည့်အတွက် မသွားဘဲနေနေခြင်းဖြစ်ကာ DoYoungအမေကလည်း ထွက်စေချင်ပုံမပေါ်။
သုံးရက်လုံးDoYoungဟာ အခန်းတွင်းမှာသာနေနေပြီး TaeYongနှင့်ဖုန်းအဆက်အသွယ်သာရှိသည်။
" ထမင်းမစားဘဲနေလည်း အားပျက်ပြီးလဲကျရုံကလွဲလို့ ကျန်တာဘာမှမမျှော်လင့်နဲ့ "
''မေမေ သဘောအတိုင်းပါ စားစေချင်ရင်သားစားပါ့မယ် "
အစာအငတ်ခံဆန္ဒပြခြင်းမဟုတ်သော်လည်း ဘာအစားမှစားချင်စိတ်ရှိမနေချင်သူDoYoungအတွက်တော့ အစာအငတ်ခံခြင်းဟူသောခေါင်းစဥ်အောက်အလိုလိုရောက်သွားလေသည်။
အခန်းထဲမှထွက်လာပြီး DoYoungကို စားစရာများပြင်ပေးသူကလည်း အမေဖြစ်သူကိုယ်တိုင်ပင်။
စားစရာများပြင်ပေးပြီးတဲ့နောက်မှာ DoYoungလည်း ထိုင်ရင်းစားလေတော့ အမေဖြစ်သူဟာ ခေါင်းကိုခပ်ဖွဖွပွတ်သပ်လို့ပေးသည်။
" သားက စဥ်းစားတွေးခေါ်တတ်တဲ့ကလေးတစ်ယောက်ပါ ....အချိန်ယူပြီး ပြန်စဥ်းစားကြည့်ပါဦးလား ဟင်"
DoYoungမေမေပြောတဲ့အခါ DoYoungဟာ စားသောက်နေရာမှတစ်ခဏရပ်သွားသော်လည်း ဘာမှပြန်ဖြေခြင်းမရှိဘဲ ဆက်၍သာစားနေသည်။
အကုန် ကုန်အောင်စားပြီးတဲ့အခါမှာ DoYoungဟာ အမေဖြစ်သူကိုပြုံးပြသည်။
" သားရဲ့စဥ်းစားတွေးခေါ်တတ်တဲ့ဦးနှောက်ရော ခံစားတတ်တဲ့နှလုံးသားကရော သူ့ကိုပဲရွေးချယ်မှာပါ "
ပြောပြီးပြီးချင်းစားပွဲဝိုင်းမှထလိုက်လေတော့ အမေဖြစ်သူဟာဒေါသထွက်စွာမျက်မှောင်ကြုံ့လျက်။
" မေမေသဘောအတိုင်း ထမင်းစားပြီးပါပြီ သားနားတော့မယ် ညနေ ထမင်းစားချိန်မှ အတူတူစားကြတာပေါ့ "
ထိုသို့ပြောကာ ထွက်သွားတဲ့အခါ DoYoung၏အမေဟာ DoYoungအနောက်ကိုလိုက်လာသည်။