"မင်းဒီနေရာကိုသိတာလား''
DoYoungကိုအမှတ်မထင်တွေ့လိုက်ရသော TaeYongဟာ ဝမ်းသာအားရမေးလိုက်သည်။
"မသိဘူး ''
"ဒါဆို ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ''
"စက်ဘီးလျှောက်စီးရင်း မထင်မှတ်ဘဲဒီနေရာကိုရောက်လာတာ''
DoYoungဟာ စက်ဘီးကိုထောက်နှင့်ထောင်လိုက်ရင်းပြောသည်။
"တိုက်ဆိုင်လိုက်တာ ငါအဝေးကကြည့်နေတာ မင်းများဟုတ်ပါ့မလားလို့''
"JaeHyunရော..''
"ဟင် ''
DoYoungရဲ့အဆက်စပ်မရှိJaeHyunကိုမေးမှုကြည့်TaeYong တစ်ခဏကြောင်သွားသည်။
"မင်းတို့ဒီနေ့လျှောက်လည်ကြတာမဟုတ်ဘူးလား အတူတူ ''
DoYoungက စိတ်မရှည်စွာပြောလာသည်။
"အာ...မင်းမှစာတွေဝင်မဖတ်တာ အစကတွေ့ကြဖို့တိုင်ပင်ထားပေမဲ့ နောက်မှ ဒီကိုမေမေနဲ့အတူလာဖို့လုပ်ထားတဲ့ရက်နဲ့တိုက်နေလို့ မသွားတော့တာ Mayနဲ့JaeHyunပဲအတူလျှောက်လည်ကြတယ်''
TaeYongရဲ့ အဖြေကြောင့် DoYoungဟာ ''သြော်...''ဟူသော သဘောဖြင့် ခေါင်းအနည်းငယ်ငြိမ့်လိုက်သည်။
"ရောက်လက်စနဲ့ အတူလိုက်မလား...''
"ဒါ ဘာဂေဟာလဲ''
"ခွေးလေးတွေရဲ့ဂေဟာလေ..စွန့်ပစ်ခံရတဲ့ခွေးလေးတွေ လမ်းဘေးခွေးလေးတွေ အကုန်လုံးကိုစောက်ရှောက်တဲ့နေရာ''
______DoYoung ဟာ TaeYongနှင့်အတူ ဂေဟာအတွင်းလိုက်ဝင်လာခဲ့သည်။
ဂေဟာ ခြံဝန်းထဲတွင် ခွေးလေးများမှာအမျိုးအစားစုံ အရွယ်စုံပင်။ ခြံဝန်းကျယ်ကြီးတွင် ခြံဝန်းငယ်တစ်ခုစီ ခွေးအမျိုးအစားတစ်စုစီအတွက်ဆောက်ပေးထားသည်။
စက်ဘီးကိုလက်ကိုင်ကာတွန်းပြီး လမ်းလျှောက်နေသည့်နောက် ခွေးပုလေးများက အလုအယက်ပြေးလာကြသည်။ခွေးများပြေးလာသည်ကိုမြင်မြင်ချင်း DoYoung မှာ စက်ဘီးအားတွန်းရင်းပင် သူပါပြေးနေသည်။
DoYoung ပြေးလေ ခွေးလေးများကလည်း လိုက်လေ။TaeYongမှာ ထိုမြင်ကွင်းကိုကြည့်ရင်း သဘောခွေ့နေသည်။
"Lee TaeYong!!တစ်ခုခုလုပ်ဦး ငါ့ကိုကိုက်တော့မယ် အား!! မလိုက်လာနဲ့''