23

527 75 4
                                    

" Kim DoYoung မသင်္ကာစရာအနံ့တွေရနေတယ်နော် မှန်မှန်ပြောစမ်း! "

"ဘာကိုလဲ "

မလာစဖူး ကျောင်းကိုစောရောက်နေတဲ့ SooYoungဟာ ကျောင်းကိုအတူတူလာသော DoYoungနှင့်TaeYongကို တွေ့ပြီး DoYoungကို အခန်းထဲအတင်းဆွဲခေါ်ကာမေးနေခြင်းဖြစ်သည်။

"ဘာကို ဘာရမှာလဲ ကျောင်းအတူတူလာတဲ့အပြင် ရုပ်တွေက ရှက်ကိုးရှက်ကန်းနဲ့ ပြုံးဖြီးနေတာလေ အဲ့တာအပြင် Lee TaeYongက ငါနင့်ကိုဆွဲခေါ်လာတော့ လှည့်ကြည့်လှည့်ကြည့်ဖြစ်နေသေးတယ် "

"အဲ့ဒီတော့... "

" အော်... နင်တို့တွဲနေတာကိုဝန်မခံသေးဘူးပေါ့ "

"တွဲနေတယ်လို့ ဘယ်သူကပြောလဲ "

"နင့်ရုပ်ကြီးကလေ နင့်ရဲ့ပြုံးဖြီးနေတဲ့ဒီမျက်နှာကြီးကပေါ့ "

DoYoungရဲ့ပါးနှစ်ဖက်ကိုဆွဲရင်း ပြောနေသော SooYoungကြောင့် DoYoungက လက်ကိုဆွဲဖြုတ်ရင်း...

" တွဲနေတယ်ဆိုရင်ရော...."

"အား!!! ငါထင်သားပဲ ငါသိနေတယ် Lee TaeYongကဖွင့်ပြောတော့မှာကိုသိနေတယ် ဒီလောက်မြန်မယ်မထင်ထားဘူး "

DoYoungရည်းစားရခြင်းကို DoYoungထပ်ပင်ပို၍ဝမ်းသာနေပုံပေါ်ကာ အော်ဟစ်နေသော SooYoung ကိုအခန်းထဲမှလူများက ကွက်ကြည့်ကွက်ကြည့်။
မနေနိုင်သူDoYoungဟာပဲ အားနာပြုံးပြုံးပြရင်း SooYoung ပါးစပ်ကိုလက်ဖြင့်ပိတ်ထားလိုက်ရသည်။

" ဆိုတော့...မနေ့က ကျောင်းပွဲတော်မှာတစ်ချိန်လုံးပျောက်နေပြီး ဖုန်းခေါ်တာလည်းစက်ပိတ်ထားတာ သူနဲ့နှစ်ယောက်ထဲကုန်ဆုံးနေတာပေါ့ "

"ရူးနေလား! ဖုန်းကအားကုန်လို့စက်ပိတ်သွားတာ ငါလည်းအိမ်ရောက်ရောက်ချင်း နင့်ကိုစာလှမ်းပို့တယ်လေ "

"ဘာပဲဖြစ်ဖြစ်! ဘယ်လိုကနေ ​ဘယ်လိုတွဲဖြစ်သွားလဲ ပြောပြ!"

"တော်တော်စပ်စုတာပဲ ဆရာလာနေပြီ စာအုပ်ထုတ်တော့!"

DoYoung အပြောကြောင့် နှာခေါင်းရှုံ့ကာမျက်စောင်ထိုးလိုက်တဲ့ SooYoungကို DoYoung ကြည့်ရင်းသာ ရယ်မိသည်။

သူ့သူငယ်ချင်းမလေးဟာ ဘယ်လောက်တောင်စပ်စုလိုက်လဲ။

"မပြောဘူးနော် အေး! Lee TaeYongကိုသွားမေးမယ် "

Anastasia Where stories live. Discover now