"DoYoung...."
ကားမှတ်တိုင်မှာရပ်နေတုန်း ခေါ်သံကြောင့် DoYoungလှည့်ကြည့်မိတော့ ခပ်လှမ်းလှမ်းမှ လျှောက်လာသော TaeYong
"ဆိုင်သွားဖို့လား "
ခေါင်းတစ်ချက်သာငြိမ့်ပြရင်း TaeYongအမေးကို DoYoungဖြေလိုက်သည်။
"ဆိုင်မသွားဘဲ ဟိုတစ်ခါရောက်ခဲ့တဲ့ဂေဟာကိုသွားမလား "
TaeYongကို မှုန်ကုပ်ကုပ်နှင့်ကြည့်နေသော DoYoungကြောင့် TaeYongမှာ ခေါင်းကိုဟိုကုပ်ဒီကုပ်ရင်း။
"ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ"
DoYoungတို့အိမ်နားက ကားမှတ်တိုင်ဖြစ်သည့်အတွက် TaeYongအိမ်ကိုမသိပေမဲ့ ဒီအနီးအနားတွင်မဟုတ်ကြောင်းတော့ DoYoungသိပါသည်။
"ငါ့ဆီတမင်လာတာလား "
DoYoungကိုယ်တိုင်တောင်မသိလိုက်စွာအမှတ်မထင်ထွက်သွားသောမေးခွန်းကြောင့် DoYoungကိုယ့်နှုတ်ခမ်းကို ကိုယ်ပြန်ကိုက်မိသည်။
"အင်း..."
"မင်းဆီကိုတမင်လာခဲ့တာ "
TaeYongအဖြေစကားကြောင့် DoYoungဟာ မျက်လုံးအတန်ငယ်ပြူးသွားရသည်။
TaeYongကိုလှမ်းကြည့်တော့ TaeYongဟာသူ့ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ အကြည့်များက DoYoungအပေါ်မှလွဲ ပတ်ဝန်းကျင်တစ်ခုလုံးကို ဂနာမငြိမ်စွာအကြည့်များပို့လွှတ်နေသည်။"အဟမ်း...ဆိုင်က ဘာလို့မသွားချင်တာလဲ"
"ဟင် ဒီအတိုင်း... မင်းသွားချင်လည်းရတယ်လေ ဆိုင်ပဲသွားမလား"
"ဆိုင်ကမသွားလည်းရပေမဲ့ ဂေဟာလည်းမသွားချင်ဘူး"
DoYoungအပြောကြောင့် TaeYongဟာ တစ်ခုခုကိုအတွေးပေါက်ပြီးပြုံးလိုက်သည်။
"မင်းဘာပြုံးတာလဲ"
"ဟင့်အင်း မဟုတ်ပါဘူး "
"မင်းပြုံးလိုက်တာလေ မညာနဲ့ ငါခွေးကြောက်တယ်ဆိုပြီးထင်ပြီးပြုံးတာမလား မကြောက်ဘူးနော် မင်းခွေးတွေနဲ့က မရင်းနှီးသေးလို့"
"ဟုတ်ပါပြီ ဘယ်သူကဘာပြောနေလို့လဲ"
"မင်းအပြုံးကိုကြည့်တာနဲ့သိတယ် "