10

456 84 10
                                    

DoYoungဟာ TaeYongနှင့် ခေါင်မိုးထပ်တွင်တွေ့ခဲ့သောနေ့မှစ၍ အတက်နိုင်ဆုံး TaeYongကိုရှောင်သည်။
စကားလည်းမပြောပါ။
TaeYongဟာလည်း စကားပြော​ဖို့မကြိုးစားခဲ့ပါ။

စာမေးပွဲ နီးကပ်လာသည်နှင့်အမျှ သူတို့ဟာ ပိုတိတ်ဆိတ်လေ..ပိုဝေးကွာသွားလေပင်။
စာမေးပွဲ ဖြေရန် တစ်ပတ်ပင်မကြာတော့။
DoYoungဟာလည်း စိတ်ခံစားချက်များကို လျစ်လျူရှူလျက် စာတွင်သာအာရုံစိုက်သည်။
Mayဟာလည်း ခါတိုင်းနှင့်မတူ DoYoungဟာစကားအတင်းပြောခြင်းလည်း မရှိတော့ပါ။

စာမေးပွဲမဖြေခင် တစ်ပတ်နီးပါးကာလအား ကိုယ်ပိုင်စာကြည့်ချိန်အဖြစ်ပေးထားသောကြောင့် သူတို့ဟာကျောင်းမသွားဖြစ်ကြပါ။
TaeYongနှင့်မတွေ့သည်မှာလည်း တစ်ပတ်ပင်ရှိပြီဖြစ်သည်။
စိတ်အလိုအရ DoYoung ဟာ သူ့ကိုထည့်ထားသော Group Chatဆိုဝင်ကြည့်လိုက်သည်။
အရင်နှင့်မတူစွာ စာပို့ခြင်းများမရှိကြဘဲ JaeHyunဆီမှ စာများသာရှိသည်။

DoYoungမှာ အမြဲတမ်းလိုလိုဝင်လာသော အတွေးအား ရှင်းထုတ်ရန်စာသာဖိလုပ်သော်လည်း ထိုကြားထဲမှပင် TaeYongဟာ အဘယ့်ကြောင့်သူ့အား ထိုကဲ့သို့မေးခွန်းမျိုးမေးသည်ကိုစဥ်းစားမရ။

"မင်းနဲ့Mayရဲ့ အချစ်ဇာတ်လမ်းကို ဘာလို့များ ငါ့ကိုဒီလိုတွေလာမေးခွန်းထုတ်နေရတာလဲ Lee TaeYongအရူးကောင်!''

DoYoungဟာ ခပ်တိုးတိုးပြောရင်း စာကြည့်စားပွဲပေါ်ခေါင်းမှောက်ချလိုက်သည်။

လက်ထဲမှဘောပင်ဖြင့် စာရွက်အားဟိုဟိုဒီဒီခြစ်နေသည်။
အတွေးများဟာ ဗလာနတ္ထိရေရေရာရာမရှိပါ။

_____________________________

စာမေးပွဲ ပထမနေ့

Lee TaeYongကို DoYoungလှမ်းတွေ့ပါသည်။
TaeYongဟာတော့ DoYoungကိုမတွေ့ပါ။

JaeHyunနှင့်DoYoungသာ စာမေးပွဲဖြေရမည့်အခန်းတူပြီး Mayနှင့် TaeYongတို့ဟာ အခြားအခန်းတွင်ဖြစ်သည်။

JaeHyunဟာ သွား၍စကားပြောသော်လည်း DoYoung ဟာ ​စာမေးပွဲအခန်းထဲသာ ဝင်ထိုင်နေလိုက်သည်။

စာမေးပွဲ ဒုတိယနေ့

ဒီနေ့တွင်တော့ TaeYongဟာလည်း DoYoungကိုမတွေ့ခဲ့သလို DoYoung ဟာလည်း TaeYong ကိုမတွေ့ပါ။

Anastasia Место, где живут истории. Откройте их для себя