06

442 77 4
                                    

"မင်း Mayကိုဖွင့်ပြောတော့မှာလား''

JaeHyunရဲ့အမေးကြောင့် TaeYongကပြုံးလျက်​ခေါင်းခါပြသည်။

"စာမေးပွဲလည်းနီးနေပြီ ပြီးတော့ အခုချိန်ဖွင့်ပြောရင်ပေါ့ပျက်ပျက်နိုင်မှာပေါ့.. ငါအရာအားလုံးအဆင်သင်ံ့ဖြစ်တဲ့အချိန်မှဖွင့်ပြောမှာ''

အတန်းခေါင်းဆောင်ဖြစ်သူJaeHyunအား ခိုင်းထားသောအလုပ်များကို TaeYongကဝိုင်းကူပေးနေသည်။ ကျောင်းသို့အစောကြီးရောက်နေသောကြောင့် သူတို့နှစ်ယောက်မှလွဲ ဘယ်သူမှရှိမနေ။
ဒီနေ့ TaeYongဟာလည်း Mayကိုသွားမခေါ်ဘဲ JaeHyunကိုကတိပေးထားသည့်အတိုင်း ကျောင်းစောစောလာကာကူလုပ်ပေးနေသည်။

"ကျောင်းပြီးဖို့က လပိုင်းပဲလိုတော့တာ ကြားထဲအောင်စာရင်းစောင့် ဘာညာကလည်း ခဏနဲ့ကုန်သွားမှာ..Mayကနိုင်ငံခြားသွားမှာလေ... မသွားခင်ဖွင့်ပြောသင့်တယ်''

JaeHyunကြောင့် TaeYongက ရယ်မိသည်။

"နေပါဦး မင်းကငါရည်းစားမရမှာအတော်စိုးရိမ်နေတာလား''

"ဟေ့ကောင် ငါကအကောင်းနဲ့လည်း ပြောပြရသေးတယ် Mayကလည်း မင်းကိုစိတ်ဝင်စားနေတာပဲလေ''

"ငါသိပါတယ်ကွာ ဒါပေမဲ့ .. ''

"တော်ပြီဟေ့ကောင်ရေ! မင်းတရားဟောတာတွေနားမထောင်နိုင်တော့ဘူး ဖွင့်ပြောချင်ပြောမပြောချင်နေ''

TaeYongတို့ရယ်ရယ်မောမောစကားပြောနေကြစဥ် DoYoungဟာအတန်းထဲသို့ဝင်လာသည်။
ဝင်လာလာချင်းပင် TaeYongကိုမြင်လိုက်သောကြောင့် မျက်မှောင်ကြုံ့သွားရပြန်သည်။

"Kim DoYoung မင်းမနေ့က ကျောင်းမတက်တာဘာလို့လဲ ဖုန်းလဲမကိုင်ဘူး စာပို့တာလဲ စာမပြန်ဘူး''

JaeHyunဟာ DoYoungဝင်လာသည်ကိုမြင်မြင်ချင်း အော်သည်။

"ငါ့မှာ မင်းနေမကောင်းဘူးမှတ်နေတာ ''

"နေကောင်းပါတယ် ဒီတိုင်းပဲ''

DoYoungနှင့်JaeHyunတို့စကားပြောနေစဥ် JaeHyunနောက်ကျောမှ TaeYongဟာ DoYoungကိုကြည့်ရင်း လက်နှင့်ပါးစပ်အားဇစ်ပိတ်သလိုလုပ်ပြသည်။
"လျှို့ဝှက်ထားမယ်''ဟူသောသဘောဖြင့်။

Anastasia Where stories live. Discover now