20

498 76 26
                                    

DoYoungနှင့်TaeYongကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဟာ ပြဿနာဖြစ်ပြီးချိန်တိုင်းမှာ စကားမပြောဖြစ်ကြ၊ မတွေ့ဖြစ်ကြ၊ လုပ်ယူခြင်းမရှိသောရှောင်ဖယ်မှုများသာ။

ယခုတွင်လည်း ဖွင့်ပြောခဲ့သူ DoYoungအပြင် အပြောခံရသူ TaeYongပါ နှစ်ယောက်လုံးဟာ တစ်ယောက်အတွက်တစ်ယောက်ဟာ ဝိဉာဥ်ကဲ့သို့ပျောက်ချက်သားကောင်းနေကြသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။

--May ဖုန်းဆက်လို့ရမလား --

အချိန်မတူကြသော နိုင်ငံဖြစ်သည့်အလျောက် TaeYongဆီမှာ ညနက်နေသော်လည်း Mayဆီတွင် မနက်ပိုင်း။

"ပြောလေ TaeYong "

ချက်ချင်းဆိုသလို ဖုန်းခေါ်လိုက်သော May..

"May...ငါဘယ်လိုလုပ်ရမလဲ "

"ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား TaeYong ah"

ဘာစကားမှပြန်ပြောခြင်းမရှိသည့် TaeYongကို Mayဟာ စိတ်ရှည်စွာစောင့်နေသည်။

"တောင်းပန်ပါတယ် May "

"တောင်းပန်ဖို့ကလွဲပြီး ဘာပြောရမှန်းငါမသိတော့ဘူး May ရယ် "

"ခွင့်လွှတ်ပါတယ်...ဘာကြောင့်မှန်းမသိပေမယ့် ငါခွင့်လွှတ်ပေးတာမလို့... ဝမ်းနည်းမနေပါနဲ့ TaeYong... "

" ငါနင့်ကိုတကယ် သဘောကျခဲ့ပါတယ်..."

"ဒါဆို အခုသဘောမကျတော့ဘူးပေါ့ "

"တောင်းပန်ပါတယ် "

_____________________________________

"ဖွင့်ပြောလိုက်တော့ ရင်ထဲပေါ့သွားလား "

" တော်ပါတော့ Park SooYoungရယ် အတော်စပ်စုတာပဲ "

DoYoungနှင့်SooYoungအပြင် မေဂျာတစ်ခုလုံးဟာ ကျောင်းသားသစ်ကြိုဆိုပွဲအတွက်ပြင်ဆင်နေကြသည်။
တကယ်တော့ မေဂျာတစ်ခုလုံးသာမက တက္ကသိုလ်တစ်ခုလုံးပင်။
မေဂျာတစ်ခုစီအတွက် tentတစ်ခုစီထိုးရင်း မုန့်ရောင်းသူကရောင်း၊ ကစားမဲ့အရာလုပ်သူကလုပ်နှင့် မနက်ဖြန်အတွက်ကို ယနေ့ကတည်းမှပြင်ဆင်နေကြသည်။

ကံကြမ္မာကျီစယ်ပုံအရတော့ DoYoungတို့မေဂျာ tentနှင့် TaeYongတို့မေဂျာ tentဟာ ဘေးချင်းကပ်ရပ်။

Anastasia Donde viven las historias. Descúbrelo ahora