19

488 82 16
                                    

နေ့လယ်စာစားချိန်မှာ TaeYong ကသေချာပေါက်ဖုန်းလှမ်းဆက်ခဲ့ပြီး DoYoungဟာလည်းသေချာပေါက် SooYoungကိုခေါ်သွားခဲ့ပါသည်။

"JaeHyunက လေ့ကျင့်ရေးကြောင့်မလာဘူးတဲ့ "

"အင်း...."

သူတို့ဟာကျောင်းCanteenမှ ဆိုင်တစ်ဆိုင်မှာဖြစ်သည်။

"Hi တွေ့ရတာဝမ်းသာပါတယ် ငါက DoYoungရဲ့ အချစ်ဆုံး သူငယ်ချင်း Park SooYoung "

သူမ ပုံစံအတိုင်းတက်တက်ကြွကြွဖြစ်နေတဲ့SooYoungကိုကြည့်ရင်း DoYoung မျက်နှာတည်ထားသည့်ကြားမှ ပြုံးမိပါသေးသည်။

"နင်က Lee TaeYongမလား သိပါတယ်...ကျောင်းမှာနာမည်ကြီးပဲကို "

TaeYongမမိတ်ဆက်ခင်ပင် TaeYongအကြောင်းကိုပြောလိုက်သောကြောင့် DoYoungမှာ မျက်မှောင်ကြုံ့ကြည့်လိုက်သည်။

--Lee TaeYong ကနာမည်ကြီးတဲ့လား --

" အာ...အဲ့လောက်လည်းမဟုတ်ပါဘူး "

" TaeYongနဲ့ DoYoungက ဘယ်ကတည်းကသိခဲ့ကြတာလဲ "

"စပ်စုလိုက်တာ Park SooYoung "

DoYoungက သူ့ဘေးမှ သူငယ်ချင်းမလေးကို တံတောင်နဲ့တွတ်ပြောလိုက်တော့ မျက်နှာချင်းဆိုင်မှာထိုင်နေသူ TaeYong က ကြည့်ရင်း ခပ်သာသာပြုံးလိုက်သည်။

"အထက်တန်းနောက်ဆုံးနှစ်မှာ သိကြတာလေ... "

"ဒါဆို မနှစ်ကလောက်မှသိတာပေါ့ "

"အင်း..."

"စားစရာရှိတာ စားပါPark SooYoung ရယ် အမေးအမြန်းထူလိုက်တာ "

DoYoungအပြောကြောင့် SooYoungဟာ နှာခေါင်းရှုံ့ပြီး လျှာထုတ်ပြသည်။

"သခွားသီး မစားဘူးမလား ပေး "

DoYoung ပန်းကန်ထဲမှာ သခွားသီးကိုယူလိုက်ပြီး စားနေသော SooYoung ကို TaeYongကြည့်နေမိသည်။

"မင်းတို့က အရမ်းရင်းနှီးသလိုပဲနော် "

TaeYong အပြောကြောင့် DoYoung အစာစားနေရာမှ TaeYongကိုကြည့်လိုက်သည်။

"ငါပြောတယ်လေ ငါက DoYoungieရဲ့ အချစ်ဆုံးသူငယ်ချင်းပါဆို "

DoYoungဟာဘာမှမပြောပေမဲ့ အစာစားရင်းပလုတ်ပလောင်းသံနှင့်SooYoungဟာပြောလိုက်သည်။

Anastasia Where stories live. Discover now