24

600 70 24
                                    

" မင်းတို့ နောက်နေတာတော့မဟုတ်ဘူးလား...မယုံဘူး ငါမယုံနိုင်ဘူး..... "

"အဲ့လိုပြောမယ်ထင်လား ဟား ဟား ဟား "

DoYoungတို့ပတ်သတ်မှုကိုJaeHyunထံဖွင့်ပြောမပြီး JaeHyunဆီမှတုံ့ပြန်မှုဟာမထင်ထားစွာ။

" မင်းက မအံ့ဩဘူးလား "

DoYoung ကမေးရင်း ဘေးမှ SooYoungကိုပါတစ်ဆက်တည်းကြည့်လိုက်လေတော့...

"ငါ့ကိုလာမကြည့်နဲ့နော် ငါဘာမှပြောမထားဘူး "

ခေါင်းခါလက်ခါရင်း ငြင်းနေသူSooYoung

" SooYoung ပြောတာမဟုတ်ပါဘူး ဒီအတိုင်း ခံစားမိနေတာ TaeYongကို အစက Mayကိုဖွင့်ပြောဖို့တိုက်တွန်းပေမယ့် သူက တွန့်ဆုတ်နေတာလေ အဲ့တာကြောင့်တစ်ခုခုတော့တစ်ခုခုလို့ထင်ခဲ့ပေမယ့် အင်း...Luhan Hyungတို့ဆီ အရက်သောက်တဲ့ညက အဲ့ဒီမှာ ကျိန်းသေသွားတာပဲ "

" မင်း... မင်းကတွေ့လိုက်တာလား "

TaeYongကမေးလာတဲ့အခါ JaeHyun က TaeYong ပုခုံးပေါ်လက်တင်ရင်း ခပ်ကြီးကြီးပြုံးကာ...

"သူငယ်ချင်း မင်းက မူးပေမယ့် အမူးမပါးလိုက်တာ ထိအောင်နမ်းပြီးမှမှောက်ရမှာလေ "

JaeHyun စကားကြောင့် TaeYongအပြင် DoYoungပါ မျက်နှာရဲတက်လာပြီး SooYoungမှာတော့ ပါးစပ်ပိတ်ကာ အသံမထွက်အောင်ကြိတ်ရယ်နေသည်။

" Jeong JaeHyun! မင်းပါးစပ်ကိုပိတ်! "

စားပွဲပေါ်မှတစ်ရှူးဘူးနဲ့ပိတ်ပေါက်ချိန်မှာတော့ JaeHyunဟာ လက်နဲ့လှမ်းဖမ်းရင်း တဟားဟားအော်ရယ်သည်။

" အများကြီးမတွေးကြပါနဲ့! တစ်ယောက်ကိုတစ်ယောက်သဘောကျနေရင်ပြီးတာပဲမလား ဘေးပတ်ဝန်းကျင်ကိုလည်း အရမ်းခေါင်းထဲမထည့်နဲ့ ဘာပဲဖြစ်ဖြစ် ဒါကမလွယ်ဘူးဆိုတာတောင် ဆုံးဖြတ်ချက်ချနိုင်ခဲ့တဲ့ မင်းတို့ကိုလေးစားတာမလို့ မင်းတို့ဘက်မှာအမြဲရှိတယ် ''

"ငါရော...ငါရော "

JaeHyunနှင့်အတူ SooYoung ကပါ JaeHyunစကားကိုထောက်ခံကြောင်းပြောလာတာကြောင့် DoYoungမှာ အမှန်တကယ်ကို ကြည်နူးမိသည်။
TaeYongဟာလည်း ထိုကဲ့သို့ပင် ပြုံးနေသည်။
ချစ်ရတဲ့သူတွေ ကိုယ့်အနားရှိတဲ့ခံစားချက်ဟာ ဘယ်အရာနဲ့မှလဲလို့မရနိုင်လောက်အောင် ခွန်အားကြီးမားလွန်းလှပါရဲ့။

Anastasia Место, где живут истории. Откройте их для себя