17

522 82 20
                                    

" နင် ဘယ် clubတွေ joinဖို့ရှိလဲ...ငါက သရုပ်ဆောင် သီချင်းဆို အနုပညာဂီတ တစ်ခုခုပေါ့..."

"နင်ကရော ဘယ်ဟာJoinချင်လဲ "

"ဝိုး!!! DoYoung နင်က ယုန်လေးနဲ့တူတာပဲ "

" လည်စိကလည်း အကြီးကြီး!!! "

"မျက်လုံးထောင့်လေးတွေက သေသပ်နေတာပဲ "

"နားတွေငြီးလွန်းလို့ တော်ပါတော့လား Park SooYoung!!"

နားထောင်ဖို့ရာ သည်းမခံနိုင်တဲ့အဆုံးမှာ ဘေးမှတတွတ်တွတ်ပြောနေသူ ထိုကောင်မလေးကို ပိတ်အော်လိုက်သည်။
DoYoungအော်လိုက်သော်လည်း ဘေးမှသူမ မှာ နှုတ်ခမ်းအနည်းငယ်ဆူသွားရုံကလွဲလို့ အမှတ်မရှိ ပြန်လည်ပြုံးရွှင်သွားသော မျက်နှာပေးနှင့် စကားဆက်ပြန်သည်။

"ငါတို့ကအခုမှခင်ကြတဲ့ သူငယ်ချင်းလေ တစ်ယောက်အကြောင်းတစ်ယောက်သိအောင် စကားများများပြောပေးရမှာပေါ့ ".

"အခုမှသိတာ နာရီပိုင်းပဲရှိသေးတဲ့သူကို အဲ့လောက်စကားတွေအများကြီးလာပြောနေတာ အားမနာဘူးလား "

"အားမနာပါဘူး "

ဆက်ပြောနိုင်စွမ်းမရှိတော့တဲ့ DoYoungဟာ ခေါင်းကိုခါရင်း အခန်းအပြင်သာထွက်ဖို့ပြင်လိုက်သည်။
ပထမဆုံးနေဖြစ်သည့်အတွက် မေဂျာ​ပါမောက္ခလောက်သာ မိတ်ဆက်ရုံစကားပြောကာထွက်သွားသောကြောင့် အတန်းထဲမှာ လူပင်သိပ်မရှိတော့။

"ဘယ်သွားမလို့လဲ "

"ဘယ်သွားသွားပေါ့ "

"Noonaကိုလည်းစောင့်ပါဦး အတူသွားကြမယ်လေ "

SooYoung ဟာ သူမအိတ်ကိုဆွဲယူရင်း DoYoung အနောက်ပြေးလိုက်သည်။
DoYoungမှာတော့ သူ့ဘေးမှ SooYoungအား တစ်ချက်သာကြည့်ရင်း ပုံမှန်အတိုင်းသာလမ်းဆက်လျှောက်သည်။
"မလိုက်နဲ့"ဟုဆိုလည်း လိုက်မည်ပဲမဟုတ်ပါလား။

"DoYoungie!!"

ခေါ်သံရဲ့လားရာကို ကြည့်မိချိန်မှာ DoYoungနှင့် မလှမ်းမကမ်းမှာ ရပ်နေသော လှမ်း​ခေါ်သူJaeHyunနှင့် သူ့ဘေးမှရပ်နေသော TaeYong...

--ဆံပင်တွေထပ်ဆိုးပြန်ပြီ--

မျက်စိရှေ့မှ TaeYongဟာ မတွေ့ရတဲ့ရက်တွေအတွင်းမှာ ဆံပင်ပြောင်းဆိုးခဲ့ဟန်ပေါ်သည်။
ဒီတစ်ခါမှာတော့ ငွေမင်ရောင်။
ဒီပုံစံကလည်း TaeYongနှင့် သိပ်လိုက်ဖက်လွန်းပါသည်။

Anastasia Onde histórias criam vida. Descubra agora