22

558 79 27
                                    

ဘာဆိုဘာမှမမျှော်လင့်တော့ကြောင်းသာတွေးထားတဲ့DoYoungအဖို့ TaeYongရဲ့အပြောဟာ အတော်ကိုတုန်လှုပ်စေပါရဲ့။

သူထင်တာ သူကြားတာမမှားဘူးဆိုရင် TaeYong ဆီမှ ပြန်လည်ဖွင့်ပြောခံလိုက်ရသည်မဟုတ်ပါလား။

"ငါကြိုးစားချင်တယ် DoYoung... "

ထပ်မံပြောလာသောစကားသံတိုင်းဟာ DoYoung နားစည်အတွင်းကျယ်လောင်စွာရိုက်ခတ်ကာ ထိုမှတစ်ဆင့် နှလုံးခုန်နှုန်းဟာမြန်လွန်းလို့ပေါက်ထွက်တော့မလို။

"မင်းနဲ့အနီးမှာပဲ ငါနေချင်တယ်"

"Lee TaeYong သူငယ်ချင်းလိုဆိုရင်တော့ ကျေးဇူးပြုပြီးတော်ပါ..."

"သူငယ်ချင်းလိုမဟုတ်ဘဲ! မင်း အနားမှာရှိချင်တယ် မင်းငါ့အပေါ်ခံစားရသလို ငါလည်းခံစားမိနေပြီထင်တယ် DoYoung!"

ရှေ့လည်းထပ်မတိုးတော့ဘဲ ခြေနှစ်လှမ်းစာအကွာအဝေးမှာ သူတို့ဟာရပ်နေကြသည်။

"ရုတ်တရပ်မလို့ မင်းမယုံလောက်နိုင်ကြောင်းသိပေမယ့် ငါ့ကိုယ်ငါလည်းမယုံနိုင်ခဲ့ဘူး...ဒီလိုစကားပြောဖို့တောင် ဘယ်အရာတွေကတွန်းအားပေးခဲ့သလဲ...သေချာတာ မင်းလျစ်လျူရှုတာတွေမခံနိုင်ဘူး မင်းနဲ့အမြဲတွေ့ချင်ပြီး စကားတွေပြောချင်တယ် မင်းပြုံးတာကိုမြင်ချင်တယ် မင်းဖွင့်ပြောခဲ့တဲ့နေ့....ငါလည်းတအားစိတ်ရှုပ်ထွေးခဲ့ရသလို ဒီအတောအတွင်း အဖြေရှာကြည့်ခဲ့တယ်...ဒါကိုအချစ်လို့ခေါင်းစဥ်တပ်လို့ရမရမသေချာပေမယ့် မင်းနဲ့အဝေးမှာ ငါမနေနိုင်ဘူး "

TaeYongစကားလုံးတိုင်းဟာ DoYoungလက်ဖျားတွေကိုပိုလို့အေးလာစေသည်။

" ဒါကိုအချစ်လို့ သတ်မှတ်တယ်ဆိုရင် ဟုတ်တယ် DoYoung ငါမင်းကိုချစ်တယ် "

TaeYongစကားသံနှင့်အတူ ကောင်းကင်ပြင်ရော မြေပြင်တစ်ခုလုံးကို တုန်လှုပ်သွားသလို အသံကျယ်ကြီးထွက်လာခဲ့သည်။
DoYoungဟာ အသံလားရာကို ကြည့်ချိန်မှာ ​​ခပ်မှောင်မှောင်ကောင်းကင်ပြင်ပေါ်မှ မီးရှူးမီးပန်းများ။

ကျောင်းသားအများစုဟာ မီးရှုးမီးပန်းဖောက်နေကြခြင်းပင်။

Anastasia Nơi câu chuyện tồn tại. Hãy khám phá bây giờ