TaeYong's Diary - 2

435 52 5
                                    

မနက်ရောက်တော့ Luhan Hyung နှိုးတာကြောင့် နိုးခဲ့ပေမယ့် ညကဘယ်လိုအိပ်ပျော်သွားမှန်း မသိလိုက်။.

သေချာတာက DoYoungကို ကြည့်ရင်း ရင်တွေခုန်လာတယ်...နမ်းချင်တယ်လို့ပြောခဲ့တယ် နောက်ပြီး အသိဝင်လာပြီး ငါအိပ်ချင်ယောင်ဆောင်ခဲ့တယ်။
နောက်ပြီး တကယ်အိပ်ပျော်သွားခဲ့တာ။

နိုးလာတော့ မင်းကမရှိတော့ဘူး။
မနေ့ညကငါ့ရဲ့ရူးကြောင်မူးကြောင်အပြုအမူကြောင့် ကိုယ့်ဘာသာအသံစုံထွက်အော်မိတော့ Luhan Hyungကငါ့ခေါင်းကိုခေါက်ပြီး အိမ်ကိုအတင်းပြန်နှင်လွှတ်တယ်။

အဲ့ဒီနောက်ပိုင်း JaeHyunနဲ့အတူ အမြဲဆိုင်ကိုသွားဖြစ်တယ်။ မင်းများလာမလားဆိုပြီးလေ... လုံးဝပေါ်မလာတဲ့ မင်းကြောင့်နဲ့ ငါ့မှာဘာလုပ်ရမှန်းမသိ ဖုန်းလည်းမဆက်ရဲနဲ့...

တစ်ရက် JaeHyunက မင်းကို ဖုန်းဆက်တော့ဘေးနားကနေ မသိမသာ ကပ်ပြီးနားထောင်မိတယ်။

ငါ့အကြောင်းကိုမေးတဲ့မင်းအသံကိုကြားတော့ JaeHyunဖုန်းနားကိုပိုတိုးပြီးနားထောင်တဲ့နောက်မှာတော့ JaeHyunဆီက အတွန်းတောင်ခံလိုက်ရသေးတယ်။

ဘာပဲဖြစ်ဖြစ် မင်းငါ့အကြောင်းကိုမေးတယ်ဆိုတာကြောင့် မင်းဆီစာပို့ဖို့ သတ္တိတွေအလိုလိုရသွားပေမယ့် တကယ်တမ်းကျ ဘာပို့ရမလဲမသိပြန်ဘူး။

ပို့ရမလားမပို့ရဘူးလားစဥ်းစားရင်း နောက်တစ်နေ့ကူးသွားတော့ နောက်ဆုံးတစ်ကြောင်းဖြစ်ဖြစ်တော့ရအောင်ပို့မယ်လို့ဆုံးဖြတ်လိုက်တယ်။

ရေးလိုက်ဖျက်လိုက်နဲ့ နောက်ဆုံးတော့ "အဆင်ပြေလား "ဆိုတာလေးပို့လိုက်တော့ နာရီဝက်ကျော်ကြာမှ "ပြေတယ်"ဆိုတာပြန်ပို့တော့ တစ်ခုခုထပ်ပြောချင်ပေမယ့် ဘာပြောရမှန်းမသိဘူး။

ထိုင်လိုက်ထလိုက်နဲ့ စကားတစ်ခုခုဆက်ဖို့စဥ်းစားနေပေမယ့် ဘာဆိုဘာမှထွက်မလာဘူး။

အချိန်ဘယ်လောက်ကြာသွားမှန်းမသိပေမယ့် မင်းနဲ့စကားဆက်ဖို့ အကြောင်းစဥ်းစားရင်း တကယ် နာရီနဲ့ချီကြာသွားခဲ့တာလေ...
စကားက ဆက်လို့ရပါဦးမလား။

နောက်ဆုံးဖြစ်ချင်ရာဖြစ်ဆိုပြီး

''အဆင်ပြေရင် ပြီးတာပါပဲ "

Anastasia Donde viven las historias. Descúbrelo ahora