08

494 76 11
                                    

ဘတ်စ်ကား မှတ်တိုင်မှာ TaeYongဟာ ဆင်းလိုက်သည်။
DoYoungက သူ့ကိုချပြီး သွားမည်အပြု TaeYongတားဆီးခြင်းကိုခံလိုက်ရပြန်သည်။

"မပြီးနိုင်သေးဘူးလား Lee TaeYong''

"မင်းငါ့ကိုတင်နင်းရတာမောတယ်မလား ကော်ဖီဖြစ်ဖြစ်ဝယ်တိုက်မယ်လေ''

"မလိုဘူး''

TaeYongဟာ လက်မလျော့ပါ။
DoYoung စက်ဘီးကို အတင်းဆွဲယူကာ နင်းသူနေရာတွင် ​ခွလိုက်ကာ နေရာယူလိုက်သည်။
ရုတ်တရပ်ဖြစ်သောကြောင့် DoYoung မှာ ဘာမှန်းပင်မသိလိုက်။

"ထိုင် ဒီတစ်ခါ ငါတင်နင်းမယ်''

ပြောပြီးပြီးချင်း TaeYongဟာ စက်ဘီးကိုနင်းလိုက်သဖြင့် DoYoungမှာ ဘာမှပင်ပြန်ပြောချိန်မရ။ စက်ဘီးပေါ်သို့ အမြန်ပြေးတက်လိုက်ရသည်။

"မင်းကတကယ်အရှုပ်ထုပ်ပဲ''

"သူငယ်ချင်းအချင်းချင်းမို့ရှုပ်တာလေ''

TaeYongအပြောကြောင့်အနောက်မှDoYoungဟာ ဟက်ခနဲ ရယ်လိုက်သည်။

"ဘယ်သူသူငယ်ချင်းလဲ''

"ငါနဲ့မင်းလေ''

"ဘယ်သူကမင်းကိုငါ့သူငယ်ချင်းလို့ပြောလဲ''

"ဂေဟာမှာ မင်းငါ့မေမေကိုပြောတာလေ''

"အဲ့တာမကောင်းတတ်..​Lee TaeYong!!!ဖြည်းဖြည်းနင်းစမ်း''

စကားပြော​နေစဥ်ရုတ်တရပ်အရှိန်မြှင့်လိုက်သော TaeYongကြောင့်  DoYoungဟာ အယောင်ယောင်အမှားမှားဖြင့် TaeYongခါးအား လှမ်းဖက်လိုက်မိသလို  အရှိန်ကြောင့် DoYoungပါးပြင်မှာ TaeYongကျောသို့ကပ်သွားသည်။

ထိုအချိန်တခဏ DoYoungရဲ့နှလုံးခုန်သံတွေဟာ မြန်လွန်းလာသောကြောင့်ပေါက်ထွက်သွားမတတ်ခံစားနေရသည်။
DoYoungဟာ ချက်ချင်း ကျောပြင်မှခွာလိုက်ရင်း TaeYongခါးထက်မှ သူ့လက်ကိုလည်းအမြန်လွှတ်လိုက်သည်။
အရှေ့မှTaeYongဟာလည်း ဘာမှပြောလာခြင်းမရှိ။
ကော်ဖီဆိုင်သွားသည့်လမ်းတစ်လျှောက်ဟာ ခုနကနှင့်မတူစွာ တိတ်ဆိတ်ခြင်းသာကြီးစိုးနေပါသည်။

"ကဲ..ရောက်ပြီ''

ကော်ဖီဆိုင်​တစ်ခုရှေ့မှစက်ဘီးကိုရပ်လိုက်ရင်း TaeYongဟာ ပြောလာသည်။
DoYoungလည်း စက်ဘီးပေါ်မှဆင်းကာ ဆိုင်လေးအားကြည့်လိုက်သည်။

Anastasia Donde viven las historias. Descúbrelo ahora