26

449 79 2
                                    

" ငါ့သမီးကတော့လှလာလိုက်တာဟေ့"

အိမ်သို့ပြန်ရောက်လာပြီဖြစ်တဲ့Mayကြောင့် ဧည့်ခန်းဟာ အနည်းငယ်ဆူဆူညံညံ။
DoYoungမေမေ၊ Mayဖေဖေနှင့်အတူMayကသာအပြန်အလှန်စကားပြောနေပေမယ့် DoYoungဟာတော့ ဆိုဖာထောင့်လေးမှာသာ ငြိမ်သက်စွာထိုင်လို့နေသည်။

တစ်ချက် တစ်ချက်အကြည့်ချင်းဆုံမိတဲ့အခါ အို့တို့အမ်းတမ်းအပြုံးတွေက DoYoungမျက်နှာမှာပေါ်လာပေမယ့် Mayဟာတော့ သူ့မူအတိုင်းအမြဲတမ်းရွှင်ပျပျပြုံးပြသည်။

" ခရီးပန်းနေရောပေါ့ နားတော့လေ "

Mayဖေဖေရဲ့ဆော်ဩမှုနှင့်အတူ Mayဟာ ပြင်ဆင်ထားသော သူမရဲ့အခန်းထဲသို့ဝင်သွားလေပြီ​။
DoYoungဟာတော့ အနေခက်နေဆဲလေထုကြောင့် စကားသွားပြောဖို့လည်းမကြိုးစားခဲ့ပါ။

စိတ်ပြေလက်ပျောက်ခြံအတွင်းဆင်းထိုင်နေတော့ အသံမြည်လာသောဖုန်းကြောင့် ကြည့်လိုက်ချိန် မျက်နှာမှာ အပြုံးတို့ဖြစ်ထွန်းရပြန်သည်။

" ဘာလဲ "

ဖုန်းကိုင်လိုက်ပြီးပထမဆုံးပြောလိုက်သောစကားသံဟာ ဘုနဲ့ဘောက်ဖြစ်လို့ တစ်ဖက်မှ ရယ်သံသဲ့သဲ့ဟာလည်း ဖုန်းအတွင်းပျံလာလွှင့်လာသည်။

" ကိုယ့်ချစ်သူရဲ့ဖုန်းကိုကိုင်တဲ့အသံတဲ့လားကွာ ဒီဟာက "

"မင်းက ဘယ်လိုပြောစေချင်လို့လဲ "

"ဟယ်လို ကိုကိုတို့ဘာညာ..."

"တိတ်! ဆက်မပြောနဲ့"

နောက်ထပ်ရယ်သံသဲ့သဲ့လွင့်ပျံလာလေတော့ DoYoungလည်းလိုက်ရယ်မိသည်။

" Mayရောက်ပြီ သိလား "

"အင်း သိတယ် Group Chatထဲစာလှမ်းပို့ထားတယ်လေ "

" သိလား...သူနဲ့ပြောစရာတွေအများကြီးရှိနေပေမယ့် ဘာပြောရမှန်းလည်းမသိဘူး "

"မင်းကစကားစလိုက်တာနဲ့ Mayကရေပက်မဝင်အောင်ပြောလာလိမ့်မယ် "

" အင်း....မသိသေးဘူး...ဒါပေမယ့် မနက်ဖြန်ကျောင်းမလာဘူးနော် အလုပ်သွားရမှာမလို့ "

"ဟာ...မတွေ့ရတော့ဘူးပေါ့ "

"အပြန်လာခေါ်လေ မင်းတွေ့ချင်ရင်ပေါ့ "

Anastasia Место, где живут истории. Откройте их для себя