Part 4(Unicode)
2.5K 113 1
*သခင်ကြင်လျှင်ချစ်ခြင်းမည်*
"ကဲ. . .စားပြီးပြီဆိုတော့ ကျနော့ဘက်ကပဲအရင်ပြောပါရစေကိုရာဇသစ်
နားနဲ့မနာဖဝါးနဲ့နာပေါ့ဗျာ"
ဦးမင်းမြတ်ကဘာကိုပြောချင်တာရယ်မသိဘဲစကားပလင်ခံသည်။
သခင်ကတော့ ကိုယ်နဲ့မဆိုင်သလိုသာနေလိုက်သည်။
"ရပါတယ်ပြောပါ"
"ခင်ဗျားသားနဲ့ကျနော့်သားကို နေရာချထားပေးချင်တာပါ
ခင်ဗျားတို့ကသားကို ကျနော့်သားကလိုချင်တာဆိုတော့ အဆင်ပြေမှသာပြေတယ်ပြောပါ
ကျနော့်ကိုအားမနာပါနဲ့"
"ဘာအဆင်မပြေစရာရှိလဲ ကိုမင်းမြတ်ရာ
နေနဲ့လ ရွှေနဲ့မြပေါ့ မင်းတို့ငါတို့ဆိုတာပြောစရာလူတွေမှမဟုတ်တာ
စီးပွားဖက်တွေလဲဟုတ်တယ် လူရင်းတွေလဲဖြစ်နေတာပဲ
မင်းသားနဲ့ငါ့သားကိုဆိုတော့ လက်ခံတာပေါ့ကွာ"
လူကြီးချင်းပြောနေသည့် ထိုစကားတွေက ပေါ့ပေါ့တန်တန်ဟုများထင်နေကြသလားမပြောတက်။
တော်၏ မတော်၏လဲ မစဉ်းစားကြတာလား။
တဖက်လူက ယောကျာ်းတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ် ကြည်ဖြူနိုင်ပါသော်လည်း သခင်ကတော့ ခေါင်းထဲမှာ မရှိ။
ကိုယ့်အားပစ္စည်းတစ်ခုနှယ် သူများလက်ထဲ ထည့်ပေးချင်သည့် ဒယ်ဒီ့ကိုလဲနားမလည်နိုင်။
သခင့်ကို အိမ်မှာတင်ထားရတာ ဒယ်ဒီ့အတွက် အရမ်းများပင်ပန်းကြီးနေခဲ့လို့လား။
"ဒါဆိုရင်တော့ ဒီနေ့အတွက်သတင်းကောင်းပဲဗျာ
သားရော ဘယ်လိုသဘောရလဲ ဒယ်ဒီစီစဉ်တာလက်ခံလား"
ဦးမင်းမြတ်က သူ့သားအာကာယံဟိန်းကိုမေးသည်။
"လက်ခံပါတယ်ဒယ်ဒီရဲ့ သားကဒယ်ဒီစကားကိုဘယ်တုန်းကငြင်းဖူးလို့လဲ"
အာကာယံဟိန်းက သခင့်ကိုတည့်တည့်ကြည့်ကာဖြေသည်။
ဒီကိစ္စ အာကာယံဟိန်းစနှက်ပဲဖြစ်ပေလိမ့်မည်။
"ဒီကိစ္စကို သခင်လုံးဝလက်မခံနိုင်ပါဘူးဒယ်ဒီ
ကျနော့်ကိုမမေးဘဲအသိမပေးဘဲ ဘာမှမစီစဉ်ပါနဲ့
မဟုတ်ရင်တော့ကျနော်ကိုအဆိုးမဆိုနဲ့
အားတော့နာပါတယ်အန်ကယ်ဦးမင်းမြတ် 
ကျနော့်ကိုခွင့်ပြုပါအုံး"