~သခင်ကြင်လျှင်ချစ်ခြင်းမည်~
နိဒါန်းတစ်ဖက်သို့မျက်နှာလွှဲလိုက်ပြီးမှ သွေးစွန်းနေသော အဖြူရောင်ကိုယ်ထည်လေးကို သတိရမိသွားကာ ပြန်လှည့်ကြည့်မိသည်။
"ကိုကို"
"ဆွဲ ဆရာရေ ဆွဲ"
ကားစပါယ်ယာက ကားဆရာကိုလှမ်းအော်ပြီးနောက်
ကားကအက်စီးဒင့်ဖြစ်တဲ့နေရာကစတင်ထွက်ခွာသည်။"ခဏလေး ခဏလေး ကျနော် ဆင်းမယ်"
"ဟုတ်ပြီ ဟုတ်ပြီ"
နိဒါန်းကားရှေ့အပေါက်ကိုတိုးထွက်ခဲ့သည်။
နောက်ကစိုင်းနေတို့ နိဒါန်းကိုခေါ်နေတာကြားသည်။"ဟျောင့်. . နိဒါန်း ဘယ်လဲ ဘာလုပ်မလို့လဲ"
ဘာမှပြန်မဖြေဘဲအောက်ကိုပြေးဆင်းသွားသည်မို့
စိုင်းနေတို့လဲ ဘာမှန်းမသိဆင်းလိုက်လာခဲ့ကြသည်။နိဒါန်းလူအုပ်ထဲကိုတိုးဝင်ကာ အက်စီးဒင့်ဖြစ်သူကိုသေချာကြည့်လိုက်သည်။
"ကိုကို…ကိုကို"
"ညီလေးမင်းအသိလား. ."
"ဟုတ်ပါတယ် ကျနော်အသိပါ မြန်မြန်လုပ်ပါ သူကိုဆေးရုံပို့ပေးပါ"
ဆေးရုံကားရောက်လာတာနဲ့ ကိုကို့ကိုကားပေါ်တင်သွားသည်။
နိုဒါန်းနဲ့စိုင်းနေတို့လဲရဲကားတစ်စီးနဲ့အတူဆေးရုံကိုလိုက်လာခဲ့ကြသည်။ကိုကို့ရဲ့ကျောပိုးအိတ်လေးက နိဒါန်းလက်ထဲဘယ်လိုရောက်နေမှန်းပင်မသိ။
ဖုန်းလာမှလက်ထဲအိတ်ပါလာမှန်းသိသည်။
အိတ်ထဲကဖုန်းထုတ်ကြည့်လိုက်တော့ ဒယ်ဒီ ဟုရေးထားသည်"Hello"
"ဒါသူ့သခင်ဖုန်းပါ. .မင်းကဘယ်သူလဲ"
"ကျနော်က ကိုကို့သူငယ်ချင်းပါဗျ"
"ငါ့သားကသူငယ်ချင်းတွေဘာတွေထားလို့ပါလား
သူ့သခင်ကိုဖုန်းပေးလိုက်စမ်းကောင်လေး""ဟုတ် အန်ကယ် ကိုကိုကအခုဆေးရုံရောက်နေပါတယ်"
"ဘာကွ သားဘာဖြစ်တာလဲ"
"ကားအက်စီးဒင့်ဖြစ်တာပါအန်ကယ်
ကျနော် ကိုကို့ကိုဆေးရုံပို့ပေးထားပါတယ်စိတ်မပူပါနဲ့"
YOU ARE READING
Romance~Completed~ [2.11,2021]