~သခင်ကြင်လျှင်ချစ်ခြင်းမည်~
"စိုင်းနေငါမင်းကိုပြောစရာရှိတယ်"
"ဘာလဲ"
"ငါညညဆိုအိပ်မက်တစ်ခုကိုအမြဲမက်တယ်
အရင်တုန်းကတော့သိပ်မမက်ဘူး
အခုနောက်ပိုင်းနေ့တိုင်းလိုလိုမက်နေတယ်""ဘာအိပ်မက်တွေမက်ပြန်တာလဲ
ချဲပေါက်တာတို့ ပိုက်ဆံကောက်ရတာတို့လား
မင်းအိပ်ရေးပျက်ပြီးကယောင်ချောက်ချားမက်တာလဲဖြစ်နိုင်တာပဲ""အဲ့လိုမဟုတ်ဘူးအိပ်မက်ကဒီလို……
"ring……ring…"
ဖုန်းဝင်လာတာကြောင့်အံ့စကားစဖြတ်လိုက်ရသည်။
"hello အကိုဝေဖြိုး"
"နိဒါန်း မနက်ဖြန်မင်းအတန်းပြီးရင်
ငါနဲ့ခဏစကားပြောရအောင်""ဟုတ်ရတယ် ကျနော်ဘယ်လာခဲ့ရမလဲ"
"ရတယ် ငါကျောင်းရှေ့ကစောင့်နေမယ်မင်းသာထွက်လာခဲ့"
"ဟုတ်အကို"
အကိုဝေဖြိုးဖုန်းချသွားသည်။
ဘာများအထွေအထူးပြောစရာရှိပါလိမ့်။"ဘာတဲ့လဲနိဒါန်း"
"စကားပြောစရာရှိလို့တဲ့"
"အော်…ခုနကမင်းအိပ်မက်ကိုဆက်ပါအုံး"
"နောက်မှပြောတော့မယ်ကွာစာကျက်လိုက်အုံးမယ်"
"သဘောကွာ"
သိပ်မကြာခင်စာမေးပွဲဖြေရတော့မှာမို့စာကိုကြိုးစားလုပ်ရမည့်အချိန်ဖြစ်သည်။
ညည့်နက်အထိစာကျက်ပြီးအိပ်မယ်လုပ်တော့
အမြဲမက်နေတဲ့အိပ်မက်ကိုမက်မှာကြောက်သည်။
အိပ်မက်ကလန့်နိုးတိုင်း နိဒါန်းရင်ဘတ်တစ်ခြမ်းနာကျင်ရသည်။
ထိုအိပ်မက်ကိုမမက်ဖို့ဆုတောင်းရင်းသာအိပ်ပျော်အောင်ကြိုးစားလိုက်ရသည်။နောက်ရက် နိဒါန်းအတန်းချိန်ပြီးတော့
အကိုဝေဖြိုးနဲ့တွေ့ဖြစ်သည်။"စောင့်နေတာကြာသွားပြီလားအကိုဝေဖြိုး"
"မကြာသေးပါဘူးမင်းအတန်းချိန်အကုန်ပြီးပြီလား"
"ဟုတ်ပြီးပြီဗျ"
"ဒါဆိုတစ်ဆိုင်ဆိုင်ထိုင်ရင်းစကားပြောကြတာပေါ့"
YOU ARE READING
Romance~Completed~ [2.11,2021]