Part 5(Unicode)
2.2K 99 5
*သခင်ကြင်လျှင်ချစ်ခြင်းမည်*
"အာကာ  လာစမ်းပါအုံး"
"ဘာလဲ"
"မင်းငါတို့ကိုလျှိူထားတယ်ပေါ့မှန်မှန်ပြောစမ်းဟေ့ကောင်"
"ဘာလဲ ငါမင်းတို့ကိုဘာလျှိူရမှာလဲ"
"မင်းနဲ့သူ့သခင်တွဲနေတယ်ဆိုတာလေ ငါတို့မှာသူများတွေပြောမှသိရတယ်"
"ဟင် မင်းတို့ဘယ်သူပြောလဲ"
"ဘယ်သူပြောလဲလုပ်မနေနဲ့ ခုနကမင်းနဲ့သူ့သခင် အတူတူကျောင်းလာတာတဲ့တွေ့တဲ့သူတွေကပြောနေကြတာ"
"ဟာ သတင်းကလဲမြန်ပ့ါကွာ ငါတောင်အတန်းထဲမရောက်သေးဘူး"
"အဲ့ဒါထား မင်းတို့တကယ်တွဲနေကြတာလား"
"ဘယ်ကလာကွာ  အခုအတူတူလာတယ်ဆိုတာကလဲ
သခင်ကကားမပါလို့လမ်းမှာတွေ့တာနဲ့ငါကခေါ်လာတာ"
"ဟင် အမြဲတမ်းကားနဲ့လာတာပါဒီနေ့မှဘယ်လိုဖြစ်တာလဲ"
"မသိဘူးလေကွာ ကားတစ်ခုခုဖြစ်လို့နေမှာပေါ့"
"ဒါဆိုမင်းတို့ကတွဲနေကြတာမဟုတ်ဘူးပေါ့"
"အေးလို့ ငါ့ဘက်ကတော့ သူနဲ့တွဲချင်တာပေါ့ကွာ
သူကခါးခါးသီးသီးဖြစ်နေတာ ငါလဲဘယ်လိုလုပ်ရမှန်းမသိပါဘူးကွာ"
"မင်းကလဲ မင်းကိုကြွေတဲ့စော်တွေကိုတော့အရေးမစိုက်ဘဲနဲ့ ဒီမာနခဲကိုမှကြွေနေတာကို "
"ဟ ငါမှတခြားမိန်းကလေးတွေစိတ်မဝင်စားတာ"
"စိတ်မဝင်စားဘူးမပြောနဲ့ငနာ မင်းတစ်ယောက်ပြီးတစ်ယောက်တွဲနေတာငါတို့အသိဆုံး မိန်းကလေးတွေရိုးသွားလို့
အခုမှ သခင် သခင် လုပ်မနေနဲ့"
"အေးပါကွာ. . ."
သူငယ်ချင်းတွေပြောလဲခံရအုံးမည်။
အာကာကလဲ ရည်းစားထည်လဲတွဲပေမဲ့ဘယ်သူ့မှ အချိန်ကြာကြာမတွဲ။
ချစ်တဲ့သူရယ်လို့လဲခုထိမပါခဲ့။
အခု သူ့သခင်ကိုမှ ချစ်မိသွားသည်။ အဖက်မတန်သလိုဆက်ဆံသည့်ထိုကောင်လေးကိုမှအရေးတယူလုပ်နေမိပြန်သည်။
အရင်ကအာကာယံဟိန်း ဘယ်ကိုရောက်သွားမှန်းပင်မသိတော့။  ။
>>>>>>>>>>>>>>>>>>>