Part 12(Unicode)
1.8K 82 3
~သခင်ကြင်လျှင်ချစ်ခြင်းမည်~
နိဒါန်းအဆောင်ကိုပြန်လာတော့ စိုင်းနေက အဆောင်ရှေ့မှာထိုင်စောင့်နေသည်။
"မင်းဘယ်တွေသွားနေတာလဲ မိုးချုပ်နေပြီကို"
"ကိုကို့အိမ်ရှေ့ ခဏသွားတာ"
"ဘာတွေလျှောက်လုပ်နေတာလဲ"
"စောင့်ကြည့်ပေါ့ကွာ မနက်ဖြန်ငါကိုကို့စီကအဖြေရတော့မှာ"
"ဘယ်လို ကိုသူ့သခင်ကမင်းကိုအဖြေပေးမယ်ပြောလိုက်တာလား"
"အဲ့လိုတော့မဟုတ်ဘူးလေ
ငါကသူ့စီကအဖြေကိုရအောင်လုပ်မှာလေ
ကျောင်းကလူတွေအများကြီးရှေ့မှာ ကိုကိုကငါ့ကိုချစ်တယ်ပြောစေရမယ် မယုံရင်လောင်းမလား"
"မလောင်းပါဘူးကွာ မင်းဘာလုပ်မလဲပဲစောင့်ကြည့်မယ်"
"စောင့်ကြည့်. .စောင့်ကြည့်"
ထုံးစံအတိုင်း နိဒါန်းကတော့စိတ်လက်ပေါပါးစွာအိပ်လိုက်သည်။
မနက်ရောက်တော့ ဘယ်သူမှမနိုးခင် အစောထပြီးကျောင်းကိုလာခဲ့သည်။
စိုင်းနေတို့အိပ်ယာထတော့နိဒါန်းကိုမတွေ့တော့။
အဆောင်မှုးပြောတာတော့ နိဒါန်းအစောကြီးထွက်သွားသည်တဲ့။
စိုင်းနေတို့လဲ 8နာရီလောက်ကျောင်းကိုလာခဲ့သည်။
ကျောင်းရောက်တော့ စိုင်းနေတို့စာသင်ဆောင်ရှေ့မှာ
လူတွေအုံနေသည်မို့ စိတ်ဝင်စားစွာအမြန်ပြေးလာခဲ့ကြသည်။
သူများတွေအပေါ်မော့ကြည့်နေလို့ တစ်အုပ်စုလုံး လိုက်မော့ကြည့်မိကြသည်။
"ဟာ. . .နိဒါန်း"
ကျောင်းခေါင်မိုးမှာမတ်တပ်ရပ်နေသည့် နိဒါန်း။
ဘာလဲ ဒီကောင် ကြောင်သွားတာလား။အကွက်ဆန်းတွေလုပ်ပြန်ပြီ။
စိုင်းနေတို့လဲ သူများတွေလို စိတ်ပူမနေဘဲ လက်ပိုက်သာရပ်ကြည့်နေလိုက်သည်။
ဒီအကောင်လား အဟုတ်ခုန်ချရဲမှာ။
"စိုင်းနေ. .ထက်ဘုန်း"
"အယ်…အကိုဝေဖြိုး"
အကိုဝေဖြိုးရောက်လာတော့ မျက်နှာတွေကို ချက်ချင်းငယ်ချလိုက်ရသည်။