Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke
Translator - No Cause
၈၀။ မှောင်မိုက်သော လမ်းကို ရွေးချယ်/ က
ကောင်းမွန်သော အိမ်တော်အပြန်ကြိုဆိုစားသောက်ပွဲကြီးတစ်ခု ဤကဲ့သို့ ရုတ်တရက် အဖြစ်များဖြင့် အဆုံးသတ်ခဲ့ရလေသည်။ ဘုရင် ဝန်ဟွေ့လည်း စိတ်ကုန်သွားပြီဖြစ်၍ အင်္ကျီလက်များ ခါချလိုက်ကာ ထွက်သွားတော့လေသည်။ မိဖုရားခေါင်ကြီးသည်လည်း မိမိ ပင်ပန်းလာပြီဖြစ်သောကြောင့် အနားယူတော့မည်ဆို၏။ မင်းကြီးနှင့် မိဖုရားခေါင်ကြီးတို့ ထွက်သွားပြီးနောက်ပိုင်း မှူးမတ်များကလည်း ဆက်နေ၍ မသင့်တော်တော့သည်ကို အလိုက်သိသည်။ အကြောင်းပြချက် အသီးသီးပေး၍ ထွက်သွားကြတော့လေသည်။ ရှန် ပထမသခင်မလေးက ပထမအဆင့်မင်းသားယွီအိမ်တော်သို့ ထိမ်းမြားလက်ထပ်ဝင်ရောက်မည်ကို သဘောတူခြင်းဖြင့် ပွဲအဆုံးသတ်ခြင်းသည် အပေါ်ယံအားဖြင့်ဆိုလျှင် ပြီးပြည့်စုံနေသယောင်ဖြစ်သော်လည်း အရှည်ကို ရှုမြင်တတ်သူတို့ အဖို့မူ ကျော်မကောင်းကြားမကောင်းသော သတင်းတစ်ခုသာ ဖြစ်သည်။ ရှန် ပထမသခင်မလေး အတွက်မှာတော့ မင်းသားယွီအိမ်တော်အတွင်း ဝင်ပြီးသည်နှင့် အရာရာ အဆိုးချည်းသာရှိရော့မည်။
လော့ရွှယ်ယန်သည် ရှန်မြောင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်လေသည်။ ရှန်ချင်းနှင့် မင်းသားယွီမှာ မည်သို့မည်ပုံ ပတ်သက်ဆက်ယှက်မှုရှိသွားသလဲ သူမ မသိ။ သူမက ရှန်မြောင်၏ လုံခြုံရေးကိုသာ စိတ်ပူနေသည်။ တင်းမြို့တော်တွင်းက အန္တရာယ်များမှာ အနောက်မြောက်ကန္တာရတွင်းမှ အန္တရာယ်များနှင့် ထူးမခြားနားဖြစ်နေလေပေသည်။
ရှန်ချိုးကတော့ အိမ်ပြန်ချိန်ရောက်သည်အထိ နှုတ်ဆိတ်နေသည်။ သူသည် အမြဲတစေ တက်ကြွသွက်လက်နေတတ်သော လူငယ်ဖြစ်၍ ရှန်ချင်း၏ အဖြစ်ကြောင့် စိတ်မကောင်းဖြစ်နေသည်ဟု ရှန်ရှင်းက ထင်သွားလေသည်။ သို့သော် သူ မသိသည်မှာ ရှန်ချိုး၏ စိတ်အတွင်း၌ ဒေါသမုန်တိုင်းထန်နေပြီး ဒေါသတို့ သိပ်သည်းလွန်းလှသောကြောင့်ဖြစ်သည်။ သူ့မှာ ပေါက်ကွဲ စိတ်ဖြေစရာ နေရာလည်း မရှိသောကြောင့် တိတ်ဆိတ်လွန်းနေခြင်းဖြစ်လေ၏။ ရှန် ဒုတိယအိမ်တော်ခွဲ၏ ရက်စက်မှုကို ရှန်ချိုး မုန်းသည်။ မင်းသားယွီ အရှက်သိက္ခာမဲ့မှုကိုလည်း သူ မုန်းသည်။
![](https://img.wattpad.com/cover/147239236-288-k806100.jpg)
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...