၁၆။ ယုန်ကိုမိတော့ ခွေးကို ချက်
Burmese translation of {Rebirth of Malacious Empress of Military Lineage}
Translator - No_Cause
___________________________________
ဆုမိသားစုတို့မှာ စစ်မြင်းများကို တာဝန်ယူထိန်းသိမ်းရသော မျိုးနွယ်ကြီးဖြစ်သည်။ စစ်မြင်းများ၏ ရိက္ခာကိုလည်း တာဝန်ယူ စီမံခန့်ခွဲရသောကြောင့် အခြားအမတ်များထက် ရာထူးအဆင့်ပိုမြင့်ကြသည်။
ဆုမိသားစု၏ စစ်မြင်းများ တာဝန်ယူခန့်ခွဲရသည့်တာဝန်ကလည်း တည်မြဲခိုင်မာနေပြီး မင်ချီနိုင်ငံစတင်တည်ထောင်စဉ်ကတည်းက ထမ်းရွက်ခဲ့သည့် တာဝန်လည်း ဖြစ်သည်။ ပင်နန်းဘို ဆုယွိလည်း ချွင်းချက်မဟုတ်။ ဤရာထူးကို ဆက်ခံခဲ့သည်။ သူ့ရှုထောင့်မှ ကြည့်လျင် ဆုမိသားစုမှာ ထက်မြက်ထူးချွန်ကြသဖြင့် ကာလရှည်ကြာစွာ တည်မြဲနေဦးမည်ဟူ၍။ သစ္စာရှိ အမတ်တိုင်း ဤသို့တွေးကြမည်ထင်သည်။ မိမိက သစ္စာစောင့်သိစွာ ကြိုးစား ထမ်းရွက်ပါက တော်ဝင်မိသားစုက မတရားစွပ်စွဲဆက်ဆံမည်မဟုတ်ဟု။
သို့သော် "မင်းခယောက်ျား ကမ်းနားသစ်ပင်"ဟု ရှေးကတည်းက ဆိုကြသည်။ ဤသို့လောကမျိုး၌ မည်သည့်အရာကိုမျှ ကြိုတင်ခန့်မှန်း၍ မရနိုင်။
ဒီနှစ်ကုန်လျင် ဆုယွိက အသက်လေးဆယ်ဖြစ်တော့မည်။ သူက ဇနီးအပေါ် သစ္စာရှိ ချစ်မြတ်နိုးတတ်သူမျိုး။ သူ့မှာ ကိုယ်လုပ်တော်တို့ ရှိသော်လည်း ထိုကိုယ်လုပ်တော်များက သမီးများသာ မွေးသည်။ သူ့မှာ သားဆိုလို့ ပဏာမဇနီးက မွေးသည့် တိသားနှစ်ယောက်သာရှိသည်။ ထို့ကြောင့်လည်း ထိုသားနှစ်ယောက် ပညာရေးအပေါ် သူအလွန်ကြပ်မတ်ခဲ့သည်။
သူ့သားကြီး ဆုမင်ဖုန်းမှာ ငယ်စဉ်ကစ၍ မင်းမှုထမ်းခဲ့ပြီး သူ့လိုပင် စစ်မြင်းများ ထိန်းသိမ်းရာ ဌာန၌ အမှုထမ်းရွက်သည်။ တကယ်တော့ ဤနှစ်ဝက်အတွင်း ဆုယွိထက်ပင် ဆုမင်ဖုန်းက အကျိုးဆောင်နိုင်ခဲ့သည်။ မကြာသေးမီကမှ ဆုမင်ဖုန်းက တိရိစ္ဆာန်သမားတော်များနှင့် ပူးပေါင်းကာ စစ်မြင်းများ ပိုမို သန်စွမ်းကျန်းမာရေးအတွက် နည်းလမ်းသစ်များ ချမှတ်ခဲ့သည်။ ထို့ကြောင့် မြင်းများ ကပ်ရောဂါကူးစက်ဖြစ်နှုန်း တစ်ဝက်ခန့်ပင်လျော့သွားလေသည်။ ဤသည်မှာ အကျိုးထူးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ လကုန်၍ စစ်အသုံးစားရိတ်နှင့် စားရင်းအင်းချုပ်လျင် ဆုမင်ဖုန်း ဆုတော်လာဘ်တော်များ ချီးမြင့်ခံရမည်မှာ အမှန်။
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...