၃၂။ တစ်အုပ်စုတည်းလား...

9.7K 1.2K 78
                                    

၃၂။ တစ်အုပ်စုတည်းလား...

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator - Vipvkook

___________________________________

စာမေးပွဲအတွက် တာဝန်ရှိ စာစစ်သူအားလုံး စင်ပေါ်တွင် နေရာယူပြီးပြီ ဖြစ်သည်။ အမှုထမ်းများသည် စာမေးပွဲအတွက် အုပ်စုခွဲရန် မတူညီသော ခေါင်းစဉ်များ ရေးမှတ်ထားသည့် သစ်သားပုံးများကို သယ်ဆောင်ထားသည်။ ပထမဆုံး အသုတ်သည် အိမ်တွင်းလက်မှုပညာ လေးမျိုး ယှဉ်ပြိုင်မည်ဖြစ်သော မိန်းကလေး အုပ်စုဖြစ်သည်။ ကွမ်ဝမ့်ထန် ကျောင်းသားများသည် ပထမတန်းတွင် စာမေးပွဲ ဖြေဆိုရန် မလိုအပ်ပေ။ ဒုတိယတန်း၊ သို့မဟုတ် တတိယတန်း ရောက်မှသာ ကိုယ်ကြိုက်ရာ ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ တတိယတန်း အသုတ်ပြီးသောအခါ အယောက်နှစ်ဆယ်ခန့်ရှိသော ဒုတိယတန်း မိန်းကလေး တစ်သုတ်သာ ကျန်တော့သည်။

ကွမ်ဝမ့်ထန် တွင် ပညာသင်ကြားသော မိန်းမပျိုများသည် မြို့တော်၏ အထက်တန်းလွှာမှ ဆင်းသက်လာသူများ ဖြစ်သည်။ သို့သော် ကိုယ်လုပ်တော်မှ မွေးဖွားသူများတော့ မပါဝင်ပေ။ ပဏာမ သမီးတော်များတွင်မှ တစ်ချို့သည် အိမ်တော်တွင် ဆရာပင့်ကာ သင်ကြားသူများလည်း ရှိသည်။ ကွမ်ဝမ့်ထန်၏ စရိတ်ကလည်း မသေးပေ။ နှစ်စဉ် ကွမ်ဝမ့်ထန်၏ အမြတ်သည် ရွှေသား ထောင်ချီသည်။

ရှန်းရှင်သည် ထိုသို့သော ပမာဏကို စိတ်ထဲ မထားပေ။ ထို့ကြောင့်လည်း ရှန်းအိမ်မှ သမီးသုံးယောက်လုံးကို ကွမ်ဝမ့်ထန် တွင် ပညာသင်စေခြင်း ဖြစ်သည်။ ရမ်ဝမ်ယွမ် သည် ဤကိစ္စနှင့် ပတ်သတ်၍ မကျေနပ်သော်လည်း ရှန်းရှင်ကြောင့် အငြင်းပွားခြင်း မပြုတော့ပေ။ ထို့အပြင် ရှန်းအိမ်၏ အရန်ငွေအားလုံးသည် တိုက်ပွဲအတွင်း ရှန်းရှင်၏ စွမ်းဆောင်မှုများကြောင့် ဧကရာဇ်မှ မြှောက်စားသော ဆုလာဘ်များသာ ဖြစ်သည်။

၂၂ ယောက်သော ကျောင်းသူများကို အုပ်စု လေးစု ခွဲလိုက်သည်။ ချင်အုပ်စုတွင် အများဆုံး ကျောင်းသူ ၇ ယောက် ပါဝင်သည်။ မိန်းကလေး အများစုသည် သူတို့ကို ထင်ပေါ်စေသော အရာများကို သဘောကျပုံရသည်။ ကျန်သော အုပ်စု သုံးခုတွင် ကျောင်းသူ ငါးယောက်စီ ပါဝင်သည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now