၆၃။ ရှဲ့သခင်လေးနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်သောည (၂)

9.8K 1.4K 100
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage

Translator - No Cause

၆၃။ ရှဲ့သခင်လေးနှင့် မမျှော်လင့်ဘဲ ကြုံကြိုက်သောည (၂)

-

"သခင်လေးများ ကူညီနိုင်မလားလို့လေ..." ရှန်းမြောင်က မေးမြန်းလိုက်သည်။

ရှဲ့ကျင်ရှင်းက လှည့်ကြည့်လိုက်ကာ တွေးဆချင့်ချိန်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ "မကူညီနိုင်တာတော့ မဟုတ်ဘူးဆိုပေမယ့်... အင်း... မင်း ငါ့ကို တောင်းပန်ကြည့်လေ... ငါ မင်းတို့အားလုံးကို ဒီကနေ ခေါ်ထုတ်သွားဖို့ စဉ်းစားပေးလို့ရတာပေါ့..."

ကူယွိနှင့် ကျင်းကျီတို့ မျက်နှာထားများလည်း ပြောင်းလဲသွားတော့သည်။ ဤရှဲ့ကျင်းရှင်း၏ အကျင့်စရိုက်မှာ ခေါင်းမာ၍ ကလန်ကဆန်လေကျယ်တတ်ဟန်ရှိပြီး သူ့လေသံမှာ အရာရာကို အလေးမထားသော ပေါ့ပေါ့တန်တန်လေသံဖြစ်နေသော်လည်း သူ၏ ခံ့ညားသော မျက်နှာကို တွေ့မြင်ရလျင်မူ မိန်းကလေးတိုင်း ရှက်မူသွေးသွားမိမည်ဖြစ်သည်။ ကျင့်ကျီနှင့် ကူယွိတို့လည်း မိမိတို့၏ သခင်မဘက်မှ မကျေမနပ် နာကျည်း နေမိခြင်းသာ မရှိပါက ရှဲ့ကျင်းရှင်းအပေါ် စိတ်ပင် ခုမိမည် မဟုတ်ပေ။

မိုချင်း မျက်မှောင်ကျုတ်လိုက်မိသည်။ ရှန်းမြောင်မှာ ရှန်းရှင်၏ သမီးရတနာလေးဖြစ်ပြီး ကြည့်လိုက်ရုံနှင့် သူမကို အလိုလိုက် ဖူးဖူးမှုတ်ထားမှန်း သိသာနေသည်။ သူမမှာ နဂိုကတည်းက ခေါင်းမာသော အကျင့်ကလေးကလည်း ရှိသေးသည်။ ရှဲ့ကျင်းရှင်း ဤမျှ လူပါးဝ၍ မောက်မာပြနေလျင် ရှန်းမြောင်တစ်ယောက် မာနထိခိုက်သွားပေလိမ့်မည်။

သို့သော် မိုချင်း အထင်အမြင်နှင့် ဆန့်ကျင်စွာပင် ရှန်းမြောင် ရှဲ့ကျင်းရှင်း စကားကို ကြားသည်နှင့် အမြန်ပြန်ပြောလိုက်လေသည်။ "ကောင်းပြီ... ကျမ ရှင့်ကို တောင်းပန်ပါတယ်... ကျမတို့ကို ခေါ်ထုတ်သွားပေးပါ..."

သူမ မြန်မြန်ဆန်ဆန် တုန့်ပြန်လိုက်ပုံကြောင့် ရှဲ့ကျင်းရှင်းပင် အံ့ဩသွားမိသည်။ သူ ရှေ့တွင်ရပ်နေသော မိန်းမငယ်ကို သေချာအကဲခတ်ကြည့်လိုက်သည်။ သူမက အကူအညီတောင်းနေသည်ဖြစ်သော်လည်း သူမ၏ မျက်ဝန်းများမှာမူ လွန်စွာ တည်ငြိမ်နေသည်။ သူမ၏ ကိုယ်နေဟန်ထား အပြုအမူတို့က တုန်လှုပ်ခြင်းကင်းလျက်၊ တစ်ပါးသူထက် သိမ်ငယ်နိမ့်ကျ စိုးရွံ့နေသည့်ဟန် စိုးစင်းမျှ မပါရှိပေ။ သူမက သူတစ်ပါးထံမှ အကူအညီတောင်းနေသည်နှင့် မတူဘဲ အမိန့်ပေး ညွှန်းကြားနေသည့်အလား ထင်မိနေသည့် ခံစားချက်မျိုးက မသိသာသာ သိသာသာ ရှိနေလေသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now