၈၂။ အရောင်းအဝယ်/ဂ

5K 859 23
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge

၈၂။ အရောင်းအဝယ်/ဂ

ပထမဆုံး နှင်းကျလာပြီး တင်းမြို့တော်က ပထမဆုံးနှင်းညထဲ အလွှမ်းခံထားရသည်။ နေထွက်လာချိန်တွင် တံစက်မြိတ်ပေါ် ခဲနေသည့် နှင်းများက စတင် တောက်လာကာ လှပသည့် မြင်ကွင်းတစ်ခု ဖွဲ့တည်တော့၏။ လမ်းပေါ်တွင် ဆိုးသွမ်းသည့် ကလေးများက လက်တစ်ဆုပ်စာ နှင်းလုံးကောက်ကြာပြီး နှင်းဘောလုံး လှိမ့်ကြတော့သည်။ ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ပစ်ပေါက် ဆော့ကစားကြသည်။ နှစ်ကုန်ခါနီးလေ တင်းမြို့တော်က လူပိုများလေ ဖြစ်လာပြီး တစ်နှစ်လုံး ခက်ခဲသောအလုပ် ပြီးဆုံးသွားသယောင်ပင်။ ၎င်းက အကျိုးဖြစ်ထွန်းလာတော့သည်။

ဖုန်းရှန်းအပေါင်ဆိုင် အပြင်ဘက်တွင် မီးအိမ်နီတစ်တန်း ချိတ်ဆွဲထားသော်ငြား ၎င်းက သာမန် မီးအိမ်နီများ မဟုတ်ပေ။ မီးအိမ်များကို မည်သည့် ကုန်ကြမ်းဖြင့် လုပ်ထားမှန်း မသိရချေ။ ၎င်းက ရွှေချည်မျှင်များဖြင့် ရောပြုလုပ်ထားသည့်အလား နေ့အလင်းရောင်တွင်တောင် တောက်ပနေ၏။ မီးအိမ်၏ အခြေတွင် တောက်ပနေသည့် ဖန်ပုတီးစေ့များလည်း ရှိသေးသည်။ အလင်းတစ်ခုချင်းစီက သလင်းကဲ့သို့ တဖျတ်ဖျတ် လက်နေ၏။ ထိုသို့သော ကြွယ်၀မှုဖြင့် အပြင်ဘက်တွင် အတောင့်များ ချထားပြီး မီးအိမ်ကို ခိုးယူချင်သည့် လူများကို ဟန့်တားထားပေသည်။

ပြောင်ဝတ်ရုံဖြင့် ဆိုင်လက်ထောက်လေးက ဧည့်သည်များကို အပြုံးဖြင့် ကြိုဆိုလိုက်သည်။ အရောင်းအဝယ်ကိစ္စအတွက် ဖုန်းရှန်းအပေါင်ဆိုင်ကို လာသူက အနည်းစုသာ ရှိပြီး အကူက လပ်လျားလပ်လျား ပျင်းရိနေတတ်တာဖြစ်၏။ သို့သော် သူတို့က ယနေ့တွင် ဧည့်သည်များ လာမည်ကို မျှော်နေသည့်အလား ထူးထူးခြားခြား တက်ကြွနေကြသည်။

ဖုန်းရှန်းအပေါင်ဆိုင်၏ စကြံရှည်နောက်တွင် ကောင်းကင်နှင့် မြေကြီး၏ နောက်ထပ် အပိုင်းအစတစ်ခု တည်ရှိပေသည်။ ပွဲကြည့်စင်၏ ပထမဆုံးအလွှာတွင် ဝတ်ရုံနီ မိန်းမပျို၏ အပြုံးက ဆွဲဆောင် ညှို့ငင်နိုင်ကာ သူမကိုယ်တိုင် မုန့်များ သယ်လာပေးသည်။ သူမက ပြုံးပြီး လာပို့ကာ “စားတော်ကဲက မုန့်တချို့ လုပ်ထားတယ်၊ ဧည့်သည်တော်တို့ သုံးဆောင်ပါအုံး” ပြောပြီးနောက် သူမက အခန်းထဲမှ ထွက်သွားသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now