Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage
Translator - No Cause
၆၆။ ကွေ့မောမော၏ နိဂုံး (၂)
_________
"အဲ့သလိုမျိုး တို့က မောမောကို ကောင်းကောင်းဆက်ဆံခဲ့တာကို... မောမောက ဘာလို့ တို့ကို သစ္စာဖောက်ရတာလဲ..."
ပေါ့ပါးအေးဆေးသော စကားလေးတစ်ခွန်းသာ။ သို့ပေလျက် အတိတ်အတွေးမှာ နစ်မြောနေသော ကွေ့မောမောတစ်ယောက် ခြောက်ခြား တုန်လှုပ်ရလွန်းသဖြင့် လိပ်ပြာလွ၈့်မတတ်ဖြစ်သွားမိလေသည်။ သူမ ရှန်းမြောင်အား မော့ကြည့်လိုက်ပြီး အံ့သြတကြီး မေးလိုက်တော့သည်။ "ဘယ်လို...!?"
"မောမော ဒီလောက်ကြီး အံ့သြပြနေစရာ မလိုပါဘူး..." ရှန်းမြောင် ရယ်လိုက်သည်။ "မောမော ကိုယ့်သခင်တွေအပေါ် သစ္စာဖောက်တာ တို့ သိသိချင်းဆို အခု မောမော အံ့သြသွားရတာထက်ကို အဆပေါင်း ထောင်သောင်းမက အံ့အားသင့်ခဲ့ရတာ..."
"သခင်မလေး... တစ်ယောက်ယောက်က ကျွန်မတို့ မသင့်မြတ်အောင် သွေးထိုးပေးနေတာပဲဖြစ်ရမယ်... ဒီကျွန်မကြီးက မမလေးကို တစ်ခါမှ သစ္စာမဖောက်ခဲ့ပါဘူးတော်၊ ဒီအဘွားကြီးက မမလေးကို ဘယ်လို သစ္စာဖောက်နိုင်မှာတဲ့လဲ... မမလေး ကျွန်မကြီးကို ယုံမှပဲ...!" ကွေ့မောမော တုန့်ပြန်ချက်ကတော့ မြန်လွန်းသည်။ တဒင်္ဂမျှ ဗျာများသွားခဲ့သော်လည်း ဝမ်းနည်း စိတ်မကောင်းဖြစ်ရသည့်ဟန်နှင့် မတရားမှု ခံစားရသည့်ပမာ သူမ၏ သစ္စာစောင့်သိမှုကို သက်သေပြရန် ကြိုးစားလေတော့သည်။
"ဟုတ်ပါပြီ..." ရှန်းမြောင် မျက်နှာပေါ်မှာက စိတ်မရှည်နိုင်မှုတွေနှင့်၊ လက်ကာပြလိုက်လေသည်။ "ဝေါလုံဘုရားကျောင်းမှာတုန်းက သက်သက်လွတ်စွတ်ပြုတ်တိုက်ဖို့နဲ့ ရာဂစိတ်ကြွအမွှေးတိုင်ထွန်းပေးမယ့် ဒုတိယအရီးရဲ့ နည်းလမ်းက အတော်လေး ပါးနပ်ရာရောက်တာပဲ... ဒီလိုအရေးကြီးကိစ္စကို မောမောကို ခိုင်းပုံထောက်ရင် သူက မောမောကို လူယုံလိုသဘောထားပုံပဲနော..."
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...