Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke
Translator - No Cause
၆၈။ အိမ်ထောင်ဖက်ကို လဲလှယ် (၂)
________
ရုန်ကျင်းထန်၌။
ရှန်းယွမ်ပေါ်တစ်ယောက် ရှန်းလောင်ဖူးရန်၏ ဘေးနံပါးတွင် တိုးကပ်ခွေလျက် ချွဲနေလေသည်။ ဒီရက်ပိုင်းအတွင်း ရမ့်ဝန်ယွင်မှာ ရှန်းချင်းကို ပြုစုစောင့်ရှောက်နေရသောကြောင့် ရှန်းယွမ်ပေါ်ကို ရုန်ကျင်းထန်မှာသာ အပ်ထားရသည်။ ရှန်းလောင်ဖူးရန်ကလည်း နဂိုကတည်းက ဒီမြေးကလေးကို ချစ်ခင်အလိုလိုက်ထားသူပီပီ ရတနာလေးလို ဖူးဖူးမှုတ်ထားလေ၏။ ထို့ကြောင့်လည်း သူမ ရမ့်ဝန်ယွင်အပေါ် သဘောကောင်းပြနေခြင်း ဖြစ်နိုင်သည်။
ချန်းရော့ချိုးနှင့် ရှန်းယွဲ့ကတော့ ရုန်ကျင်းထန်မှာ ရှိမနေ။ ရှန်းချင်းကို ရမ့်ဝန်ယွင် ကြည့်ရှုနေရသဖြင့် အိမ်တော်သခင်မ၊ အိမ်ရှင်မရာထူးမှာ ချန်းရော့ချိုးလက်တွင်း အလိုအလျောက်ရောက်သွားခဲ့သည်။ ပြီးတော့ အခြားအိမ်တော်မှ မင်းကတော်များနှင့် အဆက်အသွယ်ပြု အရောတဝင်ရှိရန် ရှန်းအိမ်တော်၏ ကိုယ်စားလှယ်အဖြစ်လည်း သူမ တာဝန်ယူရတော့သည်။ ဒီလိုအခွင့်ကောင်းမျိုးကို ချန်းရော့ချိုးကလည်း လက်မလွှတ်လိုပေ။ ရှန်းယွဲ့ကိုလည်း မင်းကတော်အသိုင်းအဝိုင်းမှာ ဝင်ဆန့်စေရန် သူမနှင့် ပွဲတိုင်း လမ်းတိုင်း ခေါ်သွားတတ်သေးသည်။ ရှန်းယွဲ့၏ အနာဂတ်အိမ်ထောင်ရေး သာယာအဆင်ပြေစေရန် ရည်ရွယ်ခြင်း ဖြစ်တန်ရာသည်။
ရမ့်ဝန်ယွင်ကတော့ ခန်းမကြီး၏ ဘေးနံရံဘက်နားတွင် ရပ်နေပြီး တစ်စုံတစ်ရာ တွေးတောနေဟန်ရှိသည်။
ရှန်းလောင်ဖူးရန်၏ မိန်းမစေ ရှီးအာက ရှန်းမြောင်ကို အထဲခေါ်လာသည်။ ရှန်းမြောင်လည်း အထဲရောက်သည်နှင့် လောင်ဖူးရန်အား ဂါရဝ အရင်ပြုလိုက်၏။
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...