၄၈။ နောက်ဆုံး မြှား...

10.1K 1.4K 103
                                    

၄၈။ နောက်ဆုံး မြှား...

Burmese translation of {Rebirth of Malacious Empress of Military Lineage}

Translator-Vipvkook

___________________________________

စင်ပေါ်၊ စင်အောက် ၂ နေရာလုံး ပန်းချီတစ်ချပ် ကဲ့သို့ လှုပ်ရှားမှုများ  ငြိမ်သက်သွားသည်။

ပန်းချီကားကဲ့သို့ ငြိမ်သက်နေမှုကို ပထမဆုံး ဖြိုခွင်းသူမှာ ချိုင်​လင် ဖြစ်သည်။ ချိုင်​လင်သူ့လက်တစ်ဖက်ကို မကာ ဘယ်ဘက်ပါးကို ဖွဖွလေး ပွတ်သပ်လိုက်သည်။ ဘယ်ဘက်ပါးကို ရှပ်ထိသွားသော ပထမ မြှားသည် နီပုပ်ပုပ် သွေးမျှင်တန်းကို သက်သေအဖြစ် ချန်ရစ်ခဲ့သည်။

ပွဲတော် ဧရိယာ တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေဆဲဖြစ်သည်။

ဒီရှန်းကလေးမ တော်တော် အတင့်ရဲတာပဲ…
မြှားကို လမ်းတစ်ဝက်မှာပင် မကျစေသလို၊ တမင် ဘေးချော်အောင်လည်း မပစ်ဘူး…
မြှားသည် သစ်သီးနှင့် ဝေးသည်ဟု မဆိုနိုင်သလို၊ နီးသည်ဟုလည်း ယူဆ၍ မရပြန်​။ ချိုင်​လင် ပါးကိုသာ တိတိကျကျ ဖြတ်တိုက်သွားသည်။

ချိုင်​လင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ရှန်းမြောင်...! အရူးမ… နင့်ကိုယ်နင် ဘာလုပ်နေတယ် ဆိုတာရော သိရဲ့လား...!" ချိုင်လင် စကား မဆုံးခင်မှာပင် ဒုတိယ မြှားသည် "ရွှ" မြည်သံနှင့်အတူ သူ့ဘေးက ဖြတ်သွားသည်။ ဒုတိယ မြှားသည်လည်း ချိုင်​လင့် ညာဘက်ပါးကို တိကျစွာ ရှပ်တိုက်သွားသည်။ အနည်းငယ်မျှ လွဲချော်သွားခြင်း မရှိပေ။ ညာဘက်ပါးမှ စူးရှသော နာကျင်မှုကို ချိုင်​လင် ခံစားလိုက်ရပြီး သူ့လက်နှင့် ထိကြည့်သောအခါ ထိုနေရာမှ သွေးများ စီးကျနေလေသည်။

ချိုင်​လင် ဒေါသထွက်လွန်း၍ သွေးများပင် ပွက်ပွက်ဆူနေသည်ဟု ခံစားရသည်။ သူ့ရှေ့က ရှန်းမြောင်၏ စကားကို လျစ်လျူမရှုရဲတော့။ ငါ သတ်ရဲတယ်…
ငါကတော့ နင့်ကို သတ်ရဲတယ်…
ချိုင်တာ့ရန်လည်း ဒီကစားပွဲကို အခုနေရာတွင်ပင် ချက်ချင်း ရပ်ပစ်လိုက်ချင်သည်။ သို့သော် မင်းသားယွီ ရှေ့တွင်တော့ သူ မလှုပ်ရှားရဲ။

ရမ့်ဝမ်ယွမ် ထိုင်နေရာမှ ချက်ချင်းဆိုသလို မတ်တပ်ရပ်လိုက်သည်။ "ပဉ္စမလေး…မင်း ရူးနေပြီလား? ချိုင် သခင်လေးကို ထိခိုက် ဒဏ်ရာရအောင် လုပ်ရမယ်လို့ ဘယ်သူ သင်ပေးထားလို့လဲ...?"

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now