၈၇။ မလုပ်ရက်ဘဲနှင့် နေမည်

5.5K 883 37
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, No Cause

၈၇။ မလုပ်ရက်ဘဲနှင့် နေမည်

၎င်းက တင်းမြို့တော်တွင် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မမြင်ခဲ့ရသည့် ရှားပါးသော နှင်းမုန်တိုင်း တစ်ခု ဖြစ်သည်။ သို့သော် ဒုတိယမြောက်နေ့၌ ၎င်းက ရပ်တန့်သွား၏။ ထူထဲသည့် နှင်းများ ဒူးထိမြှုပ်သွားကာ ဤကဲ့သို့ အေးစက်သည့် ရာသီဥတုတွင် လုံလဝီရိယ အရှိဆုံး ကုန်သည်များတောင် ဈေးဆိုင်ခန်းများ တည်ခင်းသည်ထက် နွေးထွေးသည့် အိပ်ရာထဲတွင်သာ ကွေးနေရန် ဆန္ဒရှိကြသည်။

ညဉ့်နာရီ တီးခတ်သည့် လူတောင် အချိန်ကို လွဲချော်သွားပြီးနောက် မောင်းကို ကမန်းကတန်း တီးလိုက်၏။ နေက ထွက်မလာသေး၊ ကောင်းကင်က မလင်းသေးချိန် သူက ကျောပေါ်ရှိ ဝတ်ရုံကို ရင်ဘတ်ရှေ့ တင်းကြပ်စွာ ဆွဲလိုက်ပြီးနောက် နှင်းထဲသို့ ဆက်လျှောက်နေ၏။ ခိုင်မာသည့် လမ်းကြောင်းတွင် သူက မင်းသားယွီအိမ်တော်၏ ပင်မတံခါးကို ဖြတ်သွား၏။

မင်းသားယွီအိမ်တော်၏ ပင်မတံခါးက အနည်းငယ် ပွင့်နေပြီး တံခါးပေါ်တွင် ဝမ်းမြောက်ခြင်းဟူသော စကားလုံး တစ်ဝက်ကိုသာ မြင်ရသည်။ ညအချိန်တွင် အချက်ပေးသည့် အဖိုးအိုက အစောင့် တစ်ယောက်မှ မတွေ့သောကြောင့် သူ့ရင်ထဲတွင် ရေရွတ်ပြောလိုက်၏။

“မင်းသားယွီအိမ်တော်က လူတွေက အင်မတန် ရက်စက် ကြမ်းကြုတ်ပြီး ယုတ်မာတာ။ သူဒီနေရာက ဖြတ်သွားတိုင်း သူတို့ ကျိန်းမောင်းတာကို ခံရတာ။ ဒါပေမဲ့ ဒီနေ့ သူတို့ကို မတွေ့ရတာ ထူးဆန်းလိုက်တာ”

ဝမ်းမြောက်ခြင်း စကားလုံး တစ်ဝက်ခန့် မြင်ပြီးနောက် ရုတ်တရက်တွင် သူ သဘောပေါက်သွား၏။ မနေ့တုန်းက မင်းသားယွီအိမ်တော်သည် ဝမ်ဖေးကို ကြိုဆိုသည့်နေ့ ဖြစ်သည်။ ထို့ကြောင့် အစောင့်များသည်လည်း စားသောက်စရာများ ဆုချီးမြှင့်ခံရပြီး မူးနေကြတာ ဖြစ်မည်။

မင်းသားယွီအိမ်တော်သို့ လက်ထပ်ပြီး ဝင်ရောက်ခဲ့သည့် သခင်မလေး၏ အနာဂတ်ကို တွေးမိသောအခါ အဖိုးအိုက ခေါင်းခါလိုက်ပြီး ပထမအဆင့် မင်းသားယွီအိမ်တော်၏ နေအိမ်တံခါးမှ ကျော်ဖြတ်သွားရန် ပြင်လိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် အေးစက်သည့် လေတစ်ချက်က တံခါးကို ပွင့်ဟသွားစေကာ အတွင်းရှိ အမှောင်ထုကို အနည်းငယ် လင်းသွားစေ၏။ ညဉ့်အချက်ပေးသည့် အဘိုးအိုက မအံ့ဩဘဲ မနေနိုင်ပေ။ တံခါးက ကျွီခနဲ ပွင့်သွားပြီး အနည်းငယ် လှုပ်သွားရာ သူသည် ရင်ထဲ၌ ထူးဆန်းသည့် ခံစားချက် ရုတ်တရက် ပေါ်လာ၏။ ထိုကဲ့သို့ ခံစားချက်ကို သူ ပုံမဖော်နိုင်သော်လည်း တံခါးဝတွင် အချိန်အတော်ကြာ ရပ်နေပြီးမှ အနီးနားက ခေါင်းရွက်ဈေးသည် တစ်ဦးသည် သူ့ကို မြင်ပြီး နှုတ်ဆက်သည့် အချိန်ကျမှ သတိဝင်လာသည်။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now