၁၈။ မင်းကိုး...
Burmese translation of {Rebirth of Malacious Empress of Military Lineage}
Translator - No_Cause
___________________________________
နေ့ရက်များက အကုန်ဆုံးမြန်လွန်းသည်။
ရာသီဥတုက ပိုပိုအေးလာတာနှင့်အမျှ ကွမ်ဝမ့်ထန်မှ စာသင်သားအပေါင်းတို့လည်း လကုန်လျင်ကျင်းပမည့် စာမေးပွဲကြီးအတွက် ကြိုတင်ပြင်ဆင်နေကြတော့သည်။
ယောက်ျားလေးများက မင်းမှုထမ်းအဖြစ်ထမ်းရွက်နိုင်ရန်၊ ရာထူးကြီးရရန် ကြိုးစားကြသလို၊ မိန်းကလေးများ ကြိုးစားကြသည်ကတော့ သူတို့၏ အရည်အချင်းကို ထုတ်ပြခြင်းဖြင့် အနာဂတ်အိမ်ထောင်ပြုရာတွင် မျက်နှာပွင့်လန်းစေရန်နှင့် အရည်အချင်းရှိသော အိမ်ထောင်ဖက်မျိုးရစေရန် ဖြစ်သည်။
ဒါက မင်းစိုးမိုးမျိုး လူကုန်ထံအသိုင်းအဝိုင်းမှ လူငယ်များအားလုံး လုပ်ဆောင်ရမည့် တာဝန်တစ်ရပ်။ ဖုန်းအန်းနဉ်ကဲ့သို့သော စွာတေးလန်မိန်းကလေးသည်ပင် ကြိုးစားနေလေပြီ။ ရှန်းချင်းနှင့် ရှန်းယွဲ့ဆိုလျင်တော့ မဆိုထားနှင့်တော့။ ရှန်းယွဲ့ဆိုလျင် အရှေ့အိမ်တော်၌ တစ်ချိန်လုံး ကဗျာစပ်လိုက်၊ ချင်တီးလိုက်နှင့် အချိန်ကုန်နေတော့သည်။ သည်တစ်ခေါက်တွင်လည်း ပွဲလယ်တင့်နိုင်ရန် မျှော်လင့်ရည်မှန်းထားပုံရသည်။
ရှန်းယွဲ့နှင့် ရှန်းချင်းတို့မှာ အသက် ၁၅ နှစ်ပင်ပြည့်ပြီးဖြစ်၍ အစဉ်အလာအရဆိုလျင် နှစ်ဖက်မိဘများတွေ့ဆုံသင့်သည့်အရွယ် ဖြစ်သည်။ မင်ချီနိုင်ငံမှ မိန်းကလေးများမှာ ၁၆ နှစ်အရွယ် ဝန်းကျင်၌ လက်ထပ်လေ့ရှိသောကြောင့် အသက် ၁၅ နှစ်တွင် စေ့စပ်ကြောင်းလမ်းထားလေ့ရှိသည်။ ရှန်းချင်းနှင့် ရှန်းယွဲ့တို့က အချိန်အတော်ကြာအောင် မစေ့စပ်ဘဲ နေကြသည်မှာ မြင့်လွန်းသည်ကို မှန်းထားပြီး အဆင့်အတန်းတူသူတို့ကို အထင်သေးထားသောကြောင့်ဖြစ်သည်။ သို့သော် မြင့်လွန်းသည်ကို မှန်းလျင်တော့ မိမိအတွက် မည်သည်က အကောင်းဆုံးဖြစ်သည်ကို မသိ နားမလည်ရာရောက်သည်ဟု ဆိုနိုင်ပေသည်။
နောက်ဆုံးတော့ ထိုနှစ်မိသားစုစလုံး မင်းသားတင်းကိုသာ ရည်မှန်းခဲ့ကြလေသည်။
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...