Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage
Translator - kktwinklestar
၆၂။ မမျှော်လင့်ထားသော ဧည့်သည်
-
ညကတဖြည်းဖြည်းနဲ့မှောင်လာခဲ့တယ်။ ဘုရားကျောင်းအတွင်း ညမှောင်လာတာနဲ့အမျှ ဘုန်းတော်ကြီးရဲ့ နောက်ဆုံးအုန်းမောင်းခေါက်သံကိုကြားနေရတယ်။ မိုးကလည်းသစ်ပင်ပေါ်တစိမ့်စိမ့်ရွာချကာ မြေသင်းနံလေးတွေတောင်သင်းနေတယ်။
ရှန်းယွဲ့ဟာ စားပွဲရှေ့မှာထိုင်နေရင်း ဖတ်လက်စစာအုပ်ကို ပိတ်လိုက်တယ်။ သူမပင်ပန်းနေသယောင် သူမရဲ့မျက်ဝန်းတွေကို ပွတ်နေခဲ့တယ်။ သူမအနားမှာခစားနေတဲ့အစေခံတွေကမေးခဲ့တယ် "သခင်မလေး အနားယူချင်လို့လား....."
ရှန်းယွဲ့ ဘာမှပြန်မပြောခဲ့ဘူး။ သူမပြတင်းပေါက်ကို ဖွင့်ခဲ့တယ်။ သူမအခန်းရဲ့ ရှေ့ကအခန်းက ရှန်းချင်းရဲ့အခန်းပဲ။ ရှန်းချင်းရဲ့အခန်းကသိပ်မဝေးဘူး။ အခုတော့ ရှန်းချင်းရဲ့အခန်းက မီးထွန်းထားဆဲဖြစ်တယ်။
"ဒုတိယသခင်မလေးက ပထမသခင်မလေးနဲ့ အတူတူအိပ်ချင်လို့လား?....." အစေခံက မဝံ့မရဲမေးလိုက်တယ်။
"မဟုတ်ဘူး...." ရှန်းယွဲ့ ခါးခါးသီးသီးငြင်းလိုက်ပြီးပြန်လှည့်လာတယ် "အခန်းတံခါးကို အခုချက်ချင်းသွားပိတ်လိုက်စမ်း......"
အခြားတစ်ဖက်မှာတော့ ရှန်းချင်းဟာ အရုပ်တွေနဲ့ ငြီးငွေ့ဖွယ် ဆော့ကစားနေပြီး သမ်းဝေလို့နေတယ်။ သူမအပြင်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။ "ဒီအချိန်တောင်ရှိသွားပြီလား....." သူမထလိုက်ပြီး "အနားယူဖို့အကောင်းဆုံးအချိန်ပဲ....."
သူမစားပွဲနားရောက်တော့ ထူးခြားတဲ့အမွေးတိုင်ခွက်ကိုတွေ့လိုက်ရတယ် အနီးအနားမှာပဲ အမွှေးတိုင်တွေလည်းတွေ့လိုက်ရတယ်။ ရှန်းချင်း အမွှေးတိုင်တွေကိုကောက်ယူပြီး နမ်းကြည့်လိုက်တော့ ကြည်လင်တဲ့မွှေးရနံ့က နှာဖျားမှာဝေ့သီသွားတယ်။ သူမပြောလိုက်တယ် "အမွှေးတိုင်တွေလည်းထွန်းလိုက်ဦး....."
ခဏအကြာမှာပဲ အိပ်ဆောင်ကမီးတွေအကုန်မှိတ်သွားတယ်။
အရာအားလုံးတိတ်ဆိတ်မှုကသာကြီးစိုးနေတယ်။ တောင်ပော်ရှေးဟောင်းဘုရားကျောင်းရဲ့ ညအချိန်ရောက်လာတာနဲ့အမျှ ငှက်ကလေးတွေရဲ့ အိပ်တန်းတက်သံနဲ့ ပိုးကောင်ငယ်လေးတွေမြည်သံကလွဲလို့ ခေါင်မိုးပေါ်ကို မိုးစက်လေးတွေရိုက်ခက်သံနဲ့ ခေါင်မိုးပေါ်က မိုးရေတွေ မြေပြင်ပေါ်သို့ ဆင်းသက်သံတွေပဲကြားရတယ်။
![](https://img.wattpad.com/cover/147239236-288-k806100.jpg)
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...