Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage
Translator-Vipvkook၆၅။ ဆုံးရှုံးမှု မရှိ (၁)
____ရှန်းကွေမှာ အရာရှိ ဝတ်ရုံပင် မချွတ်အားပဲ ခန်းမထဲသို့ ခပ်သုတ်သုတ် ဝင်လာခဲ့သည်။ သူ့ကြည့်ရတာ ရှန်းကျင်း၏ သတင်းဆိုးကို ကြားလျှင်ချက်ချင်း အပြေး လာခဲ့ပုံရသည်။
ရှန်းကွေကို မြင်လိုက်သည့်အခါ ရမ်ဝမ်ယွမ် ပို၍ပင် သည်းသည်းထန်ထန် ငိုကြွေးတော့သည်။
"သခင်ကြီး…ကျင်းအာ…"
ရှန်းကွေနှင့် ရမ်ဝမ်ယွမ်၏ အိမ်ထောင်ရေးမှာ လေးနက်ခြင်း မရှိပေ။ မဟုတ်လျှင် ရှန်းကွေအနေနှင့် ဒုတိယ အိမ်တော်ခွဲကို ကိုယ်လုပ်တော်များနှင့် ဖြည့်တင်းလိမ့်မည် မဟုတ်ပေ။ သို့သော် ရှန်းကွေသည် ရမ်ဝမ်ယွမ်ကို ဇနီးမယားအနေနှင့် လေးစားသမှု ထားရှိသည်။ အခြားအရာများကြောင့် မဟုတ်ပဲ ရမ်ဝမ်ယွမ်မှာ ရှန်းအိမ်တော် တစ်ခုလုံးကို စီမံခန့်ခွဲနိုင်ပြီး ရှန်းကွေ လုပ်ဖော်ကိုင်ဖက်များ၏ ဖူးရန်များနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခြင်းကြောင့် ဖြစ်သည်။ အခြားတစ်ဖက်တွင်တော့ နှစ်ဦးကြားတွင် လင်နှင့်မယား သာယာမှုနှင့် စိတ်ကျေနပ်မှုများ မရှိသော်လည်း ရမ်ဝမ်ယွမ်ကို မျက်နှာသာ ပေးမြဲဖစ်သည်။
"ရှန်းမြောင်!!!"
ခန်းမအလယ်တွင် တိတ်တဆိတ် ရပ်နေသော မိန်းကလေးကို ရှန်းကွေ စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ ရမ်ဝမ်ယွမ်က ဘာ့ကြောင့် တိသမီးများကို ဝူလုံဘုရားကျောင်းသို့ ခေါ်သွားရသည့် အကြောင်းပြချက်ကို သိပြီးဖြစ်သည်။ တိသမီး သုံးယောက်စလုံးကို ခေါ်သွားရခြင်းမှာ လူတွေ၏ အပြစ်တင်ရန်မှ ကြိုတင်ကာကွယ်ရန်ဖြစ်သည်။ သို့ပါသော်လည်း နောက်ဆုံးတွင် အကျိုးယုတ်ရသူမှာ သူ၏သမီး ရှန်းကျင်း ဖြစ်နေပေသည်။ အရာအားလုံးမှာ ရှန်းမြောင်၏ အကွက်ချ လုပ်ကြံမှုတွေ ဖြစ်ကြောင်းကို သတင်းပို့ အစေခံက သူ့အား တိုးတိုးတိတ်တိတ် ပြောပြပြီးဖြစ်သည်။ သူ့အနေနှင့် ဤကိစ္စမှာ တွေးမတတ်အောင် ခက်ခဲနက်နဲသည် မှန်သော်လည်း ဒေါသဖြေလျော့ရန် တစ်စုံတစ်ယောက်ကို အလိုရှိသည်။ ရှန်းအိမ်တော်ခွဲ(၃) ကို အပြစ်တင်ရန် မဖြစ်နိုင်သောကြောင့် ပြစ်မှုများနှင့် တာဝန်များကို အိမ်တော်ခွဲ(၁) သို့သာ ပုံချရန် ဖြစ်လာခဲ့သည်။
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...