၇၀။ မွေးနေ့ ကျင်းပခြင်း

5.7K 1K 30
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause

၇၀။ မွေးနေ့ ကျင်းပခြင်း

________

၁၁ လပိုင်း၏ တတိယမြောက်​နေ့။ ထိုနေ့မှ ကောင်းကင်​ယံထက်​ နေမင်းကတောက်​ပစွာ လင်းထိန်​လျက်​ ရှိနေသည်​။ ဆောင်းရာသီတွင်း ယခုကဲ့သို့ နေသာနေသည်​က ခပ်​ရှားရှား၊ တိုက်​ဆိုင်​ချင်​တော့ ထိုနေ့မှာ ရှန်းလောင်​ဖူးရန်​၏ သက်​ ၇၀ ပြည့်​ မွေးနေ့ဖြစ်​နေ၏။

စစ်​သူကြီးအိမ်​တော်​တွင်းရော၊ ဝန်းအပြင်​ပါ လှဲကျင်းသန့်​ရှင်းထား၍ ပစ္စည်း အသုံးအဆောင်​ အသစ်​များဝယ်​ယူ ခင်းကျင်းရန်​လည်း အိမ်​တော်​ဘုံဘဏ္ဍာမှ ထုတ်​ယူ သုံးစွဲထားလေသည်​။ မွေးနေ့ပွဲကို ကျင်းပရာတွင်​လည်း အရှေ့ဘက်​အိမ်​တော်​ခြမ်းမှာသာ ကျင်းပသည်​မှာ လက်​ပစ်​မလွဲ။ အရှေ့ဘက်​အိမ်​တော်​ဝန်းက သစ်​ပင်​ပန်းမာန်​များ ပိုမိုဝေဆာ လှပ၍သာ။ မိန်းမစေလေးများကိုလည်း တောက်​ပသစ်​လွင်​သော ဝတ်​ကောင်းစားလှများ ဆင်​မြန်းလို့ပေးထားသည်​။ သူမတို့၏ အမူအရာများမှာလည်း ယဉ်​ကျေးသိမ်​မွေ့လို့နေပြီး အိမ်​ကြီးရာကြီးမှ လူမှန်း သိသာစေသည့်​ အခြေအနေရှိကြလေသည်​။

ရှန်းလောင်​ဖူးရန်​ကတော့ ရုန်​ကျင်းထန်​ ဧည့်​ခန်းမ၏ အမြင့်​ဆုံးနေရာတွင်​ ထိုင်​နေသည်​။ ထိုခန်းမအတွင်း မင်းကတော်​နှင့်​ သခင်​မလေးများ အတော်​အတန်​ပင်​ စုဝေးရောက်​ရှိလို့နေပြီ။ အချို့က ရှန်းလောင်​ဖူးရန်​ကို နှုတ်​ဆက်​ဂါရဝပြုနေကြ၏။ ရှန်းအိမ်​တော်​မှာ မင်​ချီပြည်​တွင်း အထွတ်​အထိပ်​ရောက်​ဆုံးတော့ ပထမဆင့်​ရ စစ်​သူကြီးမျိုးဆက်​အိမ်​ဖြစ်​လေရာ၊ လူမှုရေးအရ လေးစားသမှုပြသောအားဖြင့်​ အမတ်​ အရာရှိများ၊ မင်းစိုးမိုးမျိုးများလည်း လာရောက်​ ဂုဏ်​ပြုကြလေသည်​။ ရမ့်​ဝန်​ယွင်​တစ်​ယောက်​ ဧည့်​သည်​များ ဧည့်​ခံနေရသည်​နှင့်​ မအားမလပ်​နိုင်​ဖြစ်​နေတော့သည်​။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now