၁၁၁။ နန်းတော်တွင်းမှာ ထပ်မံဆုံတွေ့

4.4K 591 24
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - Edge, NC

၁၁၁။ နန်းတော်တွင်းမှာ ထပ်မံဆုံတွေ့

"ဘာကြောင့် ဒီလို ပြောတာလဲ"

ကျီယွီရှုက မေးလိုက်၏။ ကောင်းရန်က သူ၏ မေးစေ့ကို ထိကာ

"သူမက မင်းသားတင်းကို ဖြေရှင်းချင်တယ် ဆိုမှတော့။ မင်းသားတင်းရဲ့ အဖွဲ့ မဖြေရှင်းနိုင်ဘူး။ အိမ်ရှေ့စံ မင်းသား၊ မင်းသားကျို့နဲ့ မင်းသားလီ၊ ရှန်မြောင်က ဘယ်သူ့ဘက်ကလဲ"

"ဘယ်သူ့ဘက်မှ မဟုတ်ဘူး"
ရှဲ့ကျင်းရှင်းက ပြောသည်။

"အော်"

ကျီယွီရှုက ထူးထူးဆန်းဆန်း ခံစားမိသွား၏။

"ဘာကြောင့် ဘယ်ဖက်ကမှ မဟုတ်တာလဲ"

ရှဲ့ကျင်းရှင်း၏ အကြည့်တို့က တည်ငြိမ်နေသည်။

"ဖေ့လန်က သာမန် လူတစ်ယောက် မဟုတ်ဘူး။ ပြီးတော့ အရာရှိ အသိုင်းအဝိုင်းထဲတောင် မဝင်ရောက်သေးတာ။ ငယ်ငယ်ရွယ်ရွယ်မှာပဲ ကျရှုံးသွားနိုင်တယ်။ အခုမင်းတို့ အားလုံး ကြားတဲ့ အတိုင်းပဲ ရှန်ရှင်းက ရှန်မြောင်ရဲ့ အကွက်တွေထဲ အသေးစိတ် ဝင်ပါဖို့ မလိုသလို။ သေဒဏ်ချမှတ်တဲ့ နေရာမှာလည်း မပါဘူး"

ချော့မွေ့လွန်းတာ မဟုတ်။ ကျွမ်းကျင်မှုမရှိ ဝန်ခံသည် ဖြစ်စေ။ ငြင်းဆိုသည် ဖြစ်စေ၊ ထွန်းတောက်သည့် အရာရှိအသိုင်းအဝိုင်း သမုဒ္ဒရာထဲတွင် သူမလိုမျိုး မရှိကြချေ။ ရှန်ရှင်းက စစ်သူကြီး တစ်ဦး ဖြစ်ပြီး လော့ရွှယ်ယန်ကလည်း စစ်သူကြီး တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရှန်မြောင်သည် ဤအရည်အချင်းများကို မည်သည့်ထံမှ သင်ယူခဲ့သနည်း။ ရှန်မိသားစုကို အရိပ်ထဲမှ ညွှန်ပြပေးနေသည့် ဆရာကြီး တစ်ဦး ‌ရှိနေတာဟု အစက သူတွေးခဲ့သည်။ ယခုအချိန်တွင် အားလုံးက ရှန်မြောင်၏ ကိုယ်ပိုင်ရည်ရွယ်ချက် ဖြစ်သည်ဟုသာ သူတွေးမိတော့သည်။ သူမက အိမ်ရှေ့စံ မင်းသား သို့မဟုတ် ကျန်သည့် မင်းသားများဘက်က ဖြစ်လျှင် သူမက တစ်လှမ်းချင်းဆီအတွက် အစီအစဉ် ချမှတ် ပြင်ဆင်ရန် ထိုနည်းလမ်းကို ဘယ်တော့မှ သုံးမှာ မဟုတ်။ နောက်ကွယ်ရှိ မင်းသားတိုင်းက အစွမ်းထက်သည့် အာဏာရှိကြသည်။ ထို့ကြောင့် သူတို့သည် ရူးမိုက်သည့် နည်းလမ်းကို အသုံးပြုမှာ မဟုတ်ပေ။

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now