Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke
Translator - Edge, No Cause
၉၉။ ဖောက်လွဲဖောက်ပြန် ပြုသူ
ရှန်အိမ်တော်ထဲတွင် တက်ကြွဖွယ် နှစ်သစ် တစ်နှစ် ဖြစ်ပေသည်။
မူလက ရမ့်ဝန်ယွင်နှင့် ရှန်ချင်း၏ အရေးကိစ္စကြောင့် စစ်သူကြီး အိမ်တော် ပတ်ဝန်းကျင်က စိတ်ဓာတ်ကျနေသော်ငြား ကျင်းချူးချူးနှင့် ကျင်းကွမ်းရှန်း ရောက်လာပြီးနောက် ရှန်လောင်ဖူးရန်က စိတ်အား ထက်သန်မှုများ ပြည့်နေတော့၏။ သူမက စစ်သူကြီး အိမ်တော်သို့ ထိုမောင်နှမကို မကြာခဏ သွားလည်ခွင့် ပေးထားပြီးနောက် ရှန်ယွဲ့ကသာ ထိုသူများနှင့် ဆက်ဆံရ နေသားတကျ ဖြစ်သည့်သူ ဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတွင်း ကျင်းချူးချူးနှင့် သူမကို ညီအစ်မဟု ခေါ်လာကြသော်ငြား ယင်းက အစစ်အမှန် ဟုတ်မဟုတ် ဆိုတာ မည်သူမှ မသိပေ။ ရှန်ယွဲ့က ကျင်းချူးချူးတို့ မောင်နှမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည့်တိုင် ထိုမောင်နှမနှစ်ယောက် အများစု သွားလိုသည့် နေရာက အနောက်ဖက် ခြံဝန်းသာ ဖြစ်၏။ အထူးသဖြင့် ကျင်းချူးချူးသည် ဓားရေးလေ့ကျင့်နေသည့် သူများဆီ အဆာပြေမုန့်များ မကြာခဏ ပို့လေရှိ၏။ ယခင်အတွေ့အကြုံဖြင့် သူမက လူတိုင်းအတွက် စွပ်ပြုတ် ယူလာသည့် အချိန်တွင် ရှန်မြောင်ပြုလုပ်သည့် စွပ်ပြုတ်နှင့် ယှဉ်ပါက အရာသာက အံ့ဩဖွယ်ကောင်းမနေပေ။ စစ်သည်တော်များသည် ပွင့်ပွင့်လင်းလင်း ရင်ထဲ ရှိသည့် အတိုင်း ပြောတက်သူများ ဖြစ်ပြီး ရှန်မြောင်ပြုလုပ်ပေးသည့် စွပ်ပြုတ်ကိုသာ စိတ်ထဲ တွေးထင်မိကြကာ ကျင်းချူးချူး၏ ကြိုးစားအားထုတ်မှုက ကျေူးဇူးတင်ရှိမှု သိပ်မပြကြပေ။
ယနေ့တွင်လည်း ထိုကဲ့သို့ ဖြစ်ပွားခဲ့သည်။ ကျင်းချူးချူး သယ်လာသည့် စားစရာ ကုန်သွားပြီးနောက် ရှန်ချိုးက သူမနှင့် စကားဆက်မပြောဘဲ ဓားရေး ဆက်လေ့ကျင့်ချင်သော်ငြား ကျင်းချူးချူး ဟန့်တားတာ ခံလိုက်ရ၏။
“ပြောင်ကော....”
“ပြောင်မေ့ စောစောပြန်တာ ပိုကောင်းလိမ့်မယ်”
YOU ARE READING
ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]
Historical Fictionစစ်သူကြီးမျိုးရိုး၏ ပဏာမသမီးတော်၊ ဖြူစင်၊ ရိုးသား၍ အလိမ်အညာခံရလွယ်သော၊ မင်းသားသင်းအား ရူးရူးမိုက်မိုက်ချစ်ကြိုက်မိသူ သူမ သူ့ဇနီးမယားအရာရအောင် ကြိုးပမ်းခဲ့သည်။ သူ့အား ခြောက်နှစ်တိုင်ကူညီပေးခဲ့ပြီးနောက် သူမ တစ်လောကလုံး၏ မိခင်ဖြစ်လာတော့သည်။ တိုင်းပြည်...