၈၁။ ညှိနှိုင်းခြင်း/ ခ

4.9K 855 14
                                    

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

၈၁။ ညှိနှိုင်းခြင်း/ ခ

ဖုန်းရှန်းအပေါင်ဆိုင်၏ ဘုံနန်းကို ရှန်လင်ကျန်းဟု ခေါ်သည်။ ပထမအလွှာက စီးပွားရေးကိစ္စအတွက် နေရာတစ်ခု ဖြစ်ပြီး ဒုတိယအလွှာမှ ဆဋ္ဌမအလွှာက မိသားစုခေါင်းဆောင် ပျော်မွေ့ရာအတွင် ဖြစ်၏။

ထိုစဉ် ဆဋ္ဌမအလွှာရှိ လက်ဖက်ရည်ခန်းထဲတွင် စားပွဲရှေ့၌ လူသုံးဦး ထိုင်နေပေသည်။

“ယွီရှု ဒီကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ” ကောင်းယန်က မျက်မှောင်ကြုတ်ကာ သူ့ရှေ့ရှိလူကို ကြည့်လိုက်၏။ “နှုတ်တောင် မနှုတ်ဆက်ခဲ့နဲ့”

သူ့ရှေ့တွင် အသက် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ် အရွယ် လူငယ်လေး ထိုင်နေကာ ထိုလူငယ်က ချောမောမှုများ တောက်ပနေသည့် ရှဲ့ကျင်းရှင်းနှင့် ကွဲပြားကာ ချစ်စဖွယ်ကောင်းပေ၏။ ကောင်းယန်က ရေကဲ့သို့ သိမ်မွေ့သည့် စရိုက်သဘာ၀ ရှိပြီး ထိုလူငယ်ကမူ ကျောင်းတော်သားကဲ့သို့ ရှင်းပြမစွမ်းသာမှု နှီးနွယ်သည့် အာရုံမျိုး ရှိပေသည်။ သူက မြစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပြုံးလိုက်ချိန်တွင် အတော်လေး သက်ဝင်က မြူးကြွ၏။ သူက “တင်းမြို့တော်မှာ ပြောင်းလဲတာတွေ ကြားပြီး မင်းတို့နှစ်ယောက်က ငါလို ထူးခြားပြောင်မြောင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့သူ ကူညီတာကို သေချာပေါက် လိုမှာပဲဆိုတာ ငါသိလိုက်တယ်၊ ဒါကြောင့် လက်တစ်ဖက် ငှားဖို့ အထူးတလည် ပြန်လာတာပဲ”

“ဟားဟား” သူ့အဖြေက ကောင်းယန်ကို အေးစက်စက် ရယ်မောမိစေသည်။

“ဒါပေမဲ့ ရှဲ့စန်းကော” ယွီရှုဟု အမည်ရသော လူငယ်လေးက သူ့ဘက် ရုတ်တရက် လှည့်မေးလိုက်သည်။

“ယီစွေ့လိုရဲ့ မိန်းမပျို ရှောင်ယောင်းက ကျုပ်ကို ခုတလော အေးစက်စက်နဲ့ စိတ်မဝင်စားသလို ဆက်ဆံနေတာ၊ ကျုပ် တုန်လှုပ်နေရောပဲ၊ ရှဲ့စန်းကောကို မိန်းမပျိုလေးတွေ ကြိုက်နေကြတာ၊ ကျုပ်ကို တစ်ကွက်နှစ်ကွက်လောက် သင်ပေးပါလား”

ၿငိဳးသူကလဲ့စား [ငြိုးသူကလဲ့စား]Where stories live. Discover now